ဘောလွန်းဒီအော မတိုင်ခင် မက်ဆီနဲ့ ဂျော်ဂျင်ဟို တို့ကို အသာရပြီး နောက်ထပ်တဆုသိမ်းပိုက်ပြန်တဲ့ လီ၀န်ဒေါစကီး

ဘိုင်ယန်မြူးနစ် အသင်းတိုက်စစ်မှူး လီ၀န်ဒေါစကီး ဟာ မက်ဆီနဲ့ ဂျော်ဂျင်ဟို တို့ကို အသာရပြီး (၂၀၂၁) ခုနှစ် အတွက် IFFHS ရဲ့ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ရယူနိုင်ခဲ့ပါတယ်။တရား၀င်မဲရလဒ်တွေအရ လီ၀န်ဒေါစကီး ဟာ ရမှတ်(၁၅၀)နဲ့ ဒီဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီ ကတော့ (၁၀၅)မှတ်နဲ့ ဒုတိယ၊ ဂျော်ဂျင်ဟို က (၄၀)မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။လီ၀န်ဒေါစကီးဟာ နိုင်ငံတာကဘောလုံးသမိုင်းနဲ့ စာရင်းအင်းအဖွဲ့ဖြစ်တဲ့ (IFFHS) က ပေးတဲ့ ဒီဆုကို မနှစ်ကလည်း ရရှိခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် လီ၀န်ဒေါစကီး ဟာ ဒီဆုကို (၂)နှစ်ဆက်တိုက်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အသက်(၃၃)နှစ် အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ကိုဗစ်ရောဂါတွေကြောင့် ဘောလွန်းဒီအောဆုကို လက်လွှတ်ခဲ့ရတာပါ။လီ၀န်ဒေါစကီး ဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ် အတွက် ဂိုးသွင်းစွမ်းရည်တွေကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

လီ၀န်ဒေါစကီးဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ် အသင်းအတွက် ပွဲပေါင်း(၄၀)ပါ၀င်ကစားပြီး (၄၈)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ပိုလန်တိုက်စစ်မှူး ဟာ ဂျာမန်ကလပ်ကို ဘွန်ဒစ်လီဂါ ချန်ပီယံဆုကို (၃၁)ကြိမ်မြောက် ရယူနိုင်အောင် ဦးဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဂျာမန်စူပါဖလား၊ယူအီးအက်ဖ်အေစူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား တို့ကိုလည်း ရယူနိုင်ခဲ့တာပါ။လီ၀န်ဒေါစကီး ဟာ ဒီရာသီမှာလည်း ဘိုင်ယန်မြူးနစ် အသင်းအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး (၁၉)ပွဲပါ၀င်ကစားထားကာ (၂၅)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

လီ၀န်ဒေါစကီး ဟာ ပြီးခဲ့တဲ့နှစ် က ကိုဗစ်ကြောင့် ဘောလွန်းဒီအောဆုပေးပွဲဖျက်သိမ်းခဲ့ရလို့ ကံမကောင်းခဲ့တာပါ။လီ၀န်ဒေါစကီး ဟာ နည်းပြဟောင်း ဟန်ဆီဖလစ်ခ် လက်အောက်မှာ ပွဲပေါင်း(၄၇)ပွဲကစားခဲ့ရာမှာ (၅၅)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

လီ၀န်ဒေါစကီး၊မက်ဆီနဲ့ ဂျော်ဂျင်ဟိုတို့ ဟာ အခုနှစ် ဘောလွန်းဒီအောဆုအတွက်လည်း အပြိုင်အဆိုင် တိုက်ပွဲ၀င်ရမှာပါ။မက်ဆီကတော့ လက်ရှိအချိန်မှာ ဒီဆုကို ရယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေတယ်လို့ လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ဘောလွန်းဒီအောဆုပေးပွဲကို အခုလ(၂၉)ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။