ရက်ဂ်နစ် ရောက်လာလို့ ယူနိုက်တက်ကို ဂိုးပြတ်မသွင်းနိုင်မှာကို စိတ်ပူ‌နေတဲ့ ကလောပ့်

လီဗာပူးလ် နည်းပြ ကလောပ့်က ကံမကောင်းစွာနဲ့ပဲ မန်ချက်စတာယူနိုက်တက် အသင်းကို နည်းပြကောင်းတဦးရောက်လာပြီလို့ ပြောလိုက်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ရက်ဂ်နစ် ကို ယာယီနည်းပြအဖြစ် ခန့်အပ်မှာနဲ့ ပတ်သက်ပြီး ကလောပ့် က အခုလိုပြောလိုက်တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ရာသီအကုန်ထိ ဂျာမန်လူမျိုးနည်းပြ ဂန္တဝင်နည်းပြတဦးဖြစ်တဲ့ ရက်ဂ်နစ် ကို ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့ သဘောတူညီမှုရရှိထားတာဖြစ်ပါတယ်။

ကလောပ့်က ရက်ဂ်နစ် ရောက်လာတာ ဟာ ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ချက်ခြင်းကို အကျိုးသက်ရောက်မှုရှိနိုင်မယ်လို့ ကလောပ့် က ယုံကြည်နေတာလည်းဖြစ်ပါတယ်။

ကလောပ့် က “ကံမကောင်းစွာနဲ့ပဲ ကောင်းမွန်တဲ့ နည်းပြတဦးဟာ အဂ်လန်နဲ့ မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိလာပါပြီ။သူဟာ ဂျာမနီမှာ ဟော်ဖန်ဟိမ်းနဲ့ လိုက်ပ်ဇစ် အသင်းတွေကို နာမည်ကြီးကျော်ကြားလာအောင်တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။သူဟာ ဘောလုံးလောကမှာ မတူညီတဲ့ အလုပ်တွေအများကြီးလုပ်ခဲ့ပါတယ်”

“ဒါပေမယ့် သူပထမဆုံး စိုးရိမ်တာကတော့ နည်းပြနဲ့ မန်နေဂျာပြုလုပ်တာကိုပါ။ဒါပေမယ့် သူ့မှာ အကောင်း‌ဆုံးအရည်အသွေးတွေရှိတယ်ဆိုတာ အသေအချာပါပဲ။ယူနိုက်တက်ဟာ ကွင်းထဲမှာ စည်းစနစ်တကျရှိလာပါလိမ့်မယ်”

“ဒါဟာ အခြားအသင်းတွေအတွက် သတင်းကောင်းမဟုတ်ဘူးဆိုတာ သိသင့်ပါတယ်။ဒါပေမယ့် ကမ္ဘာပေါ်က နည်းပြတွေအားလုံးဟာ အသင်းတွေနဲ့ လေ့ကျင့်ဖို့လိုအပ်ပါတယ်။ရက်ဖ်အနေနဲ့ အချိန်မရှိတာကိုတော့ လျင်လျင်မြန်မြန်နဲ့ သတိထားဖို့လိုပါတယ်”

“ဒါဟာ သူ့အတွက်တော့ အနည်းငယ်ခက်ခဲစေမှာပါ။ဒါပေမယ့် သူဟာ အလွန်ထူးချွန်တဲ့သူဖြစ်တယ်လို့ “ပြောခဲ့တာဖြစ်ပါတယ်။