ရော်နယ်ဒိုလိုလူမျိုးနဲ့မှ ထိပ်တိုက်တွေ့ချင်နေတာဆိုတဲ့ အာဆင်နယ်ရဲ့ အုတ်တံတိုင်း ရမ်စ်ဒေးလ်

အာဆင်နယ်အတွက် လက်ရှိ ဘောလုံးရာသီမှာ လက်စွမ်းပြနေတဲ့ ဂိုးသမား ရမ်စ်ဒေးလ်က သူ့အနေနဲ့ ရော်နယ်ဒိုနဲ့ အမြန်ဆုံး ထိပ်တိုက်တွေ့ချင်နေပြီဆိုတဲ့ အကြောင်း ပြောကြားလာပါတယ်။

အာဆင်နယ်ဟာ နောက်တပတ်၊ ဒီဇင်ဘာ (၂) မှာ ပရီးမီးယားလိဂ်ပွဲအဖြစ် ယူနိုက်တက်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။

အသက် (၂၃) နှစ်အရွယ် ဒီအင်္ဂလန်ဂိုးသမားက ပရီးမီးယားလိဂ် (၉) ပွဲကစားပြီးချိန်မှာ ဂိုးမပေးရတဲ့ပွဲ (၅) ပွဲရှိအောင် စွမ်းဆောင်ပြထားနိုင်ပါတယ်။

မကြာခင်မှာ ရော်နယ်ဒိုနဲ့ ရင်ဆိုင်ရတော့မယ့်အပေါ် ရမ်စ်ဒေးလ်က “ကျနော် ရော်နယ်ဒိုနဲ့ ရင်ဆိုင်ရမယ်လို့ ဘယ်တုန်းကမှ မတွေးမိပါဘူး။ ဒါပေမယ့် သူ ကျနော်တို့နဲ့ တွေ့မယ့်ပွဲမှာ ပါဝင်နိုင်ဖို့ မျှော်လင့်ပါတယ်”

“ဘာလို့လဲဆိုတော့ ဒါက ကျနော့်အတွက် ကိုယ့်ကိုယ်ကိုယ် စမ်းသပ်ဖို့ အခွင့်အရေးကောင်းပဲလေ။ အိုးထရက်ဖို့ဒ်လို နေရာမျိုးကို သွားပြီး တယောက်ယောက်ရဲ့ ထိပ်ပိုင်းမှာ ရပ်တည်နိုင်တယ်ဆိုတာထက် ပိုကောင်းတဲ့ ခံစားချက်မရှိတော့ပါဘူး”

“ကျနော် ရော်နယ်ဒိုနဲ့ အပြည့်အဝရင်ဆိုင်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ ရမ်စ်ဒေးလ်ဟာ ပြီးခဲ့တဲ့နွေရာသီမှ ရှက်ဖီးယူနိုက်တက်ကနေ အာဆင်နယ်ကို ရောက်ရှိလာတာပါ။

သူ့ကို ခေါ်ယူခဲ့တဲ့ အာဆင်နယ်ရဲ့လုပ်ရပ်အပေါ် ဝေဖန်မှုတွေရှိခဲ့ပေမယ့် ရမ်စ်ဒေးလ်ကတော့ အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့ပြီး ကာတာကမ္ဘာ့ဖလားမှာ အင်္ဂလန်ရဲ့ဦးစားပေးဂိုးသမားဖြစ်လာဖို့ ပစ်မှတ်ထားနေပါပြီ။