တံမြတ်စည်းအသစ်က ပိုကောင်းတယ်ဆိုပြီး ယူနိုက်တက်ကို ခက်ခဲစွာရင်ဆိုင်ရနိုင်တယ်လို့ ဖွင့်ဟခဲ့တဲ့ ပီတာချက်

ချယ်လ်ဆီး အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက် အသင်းကို ပွဲစဉ်မတိုင်ခင်မှာ လျှော့မတွက်သင့်ဘူးလို့ အသင်းရဲ့နည်းစနစ်နဲ့ စွမ်းဆောင်ရည်ပိုင်း ဒါရိုက်တာ ပီတာချက် က ပြောလိုက်ပါတယ်။မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဆိုးလ်ရှားရဲ့နေရာမှာ ရက်ဂ်နစ် ကို ယာယီနည်းပြအဖြစ် ခန့်အပ်တော့မှာလည်း ဖြစ်ပါတယ်။

ပီတာချက်က မန်ချက်စတာယူနိုက်တက် ကစားသမားတွေရဲ့ပြောင်းလဲလာနိုင်တဲ့ စိတ်ခံစားမှုကို အထူး အာရုံစိုက်နေခဲ့တာလည်းဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ရက်ဂ်နစ် ကို ရာသီအကုန်ထိ ယာယီနည်းပြအဖြစ် ခန့်မှာဖြစ်ပြီး အတိုင်ပင်ခံရာထူးနဲ့လည်း (၂)နှစ်စာချုပ်နဲ့ ခန့်အပ်ဖို့ပါ စီစဉ်နေတာပါ။

ပီတာချက် က ဒီသတင်းဟာ ကစားသမားတွေအပေါ်မှာ အကျိုးသက်ရောက်မှုရှိနိုင်တယ်ဆိုတဲ့ အကြောင်းကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ပီတာချက်က “ကျွန်တော်တို့ ချက်မှာ စကားတခွန်းရှိပါတယ်။အဲ့ဒါကတော့ တံမြတ်စည်းအသစ်က ပ်ိုကောင်းတယ်ဆိုတာပါပဲ။မန်နေဂျာ အသစ်နဲ့ အသင်းလိုက်ကစားတဲ့ အခါမှာ အလွန်ခက်ခဲပါတယ်”

“ဒါဟာ မန်နေဂျာအသစ် မျှော်လင့်ထားတဲ့ အရာပါပဲ။မန်နေဂျာ အပြောင်းအလဲပြုလုပ်ပြီးရင် ခင်ဗျားတို့မှာ အမြဲတမ်းတုံ့ပြန်မှုတွေရှိပါတယ်။ရုတ်တရက်မှာ လူတိုင်းက တူညီတဲ့ နေရာကနေ ပြန်စရပါတယ်။မန်နေဂျာ အသစ်ဟာ အတွေးအခေါ်အသစ်တွေ၊နည်းစနစ်ပိုင်း၊နည်းဗျုဟာ အပိုင်းတွေကို အမြဲတမ်းသယ်ဆောင်လာပါတယ်”

“မန်နေဂျာက ဒီက ထွက်သွားပြီး အခြားလူတွေအားလုံး ဒီမှာရှိခဲ့ရင်တောင် အသစ်သော စတင်ခြင်းရဲ့ခံစားချက်ကို ခင်ဗျားတို့ ရှိနေတုန်းပါပဲ။ဒါက လူတိုင်းကို ကောင်းကောင်းလုပ်ဆောင်ဖို့ မက်လုံးအသစ်တွေနဲ့ လှုံဆော်မှုအသစ်တွေကို ပေးပါတယ်”

“ဒါဟာ စွမ်းအင်ပြောင်းလဲမှုဖြစ်စေပြီး ဒါဟာ သူတို့ရင်ဆိုင်ရမယ့် အသင်းအတွက် အခက်အခဲဖြစ်စေပါတယ်။ စိုးရိမ်စရာကတော့ စ်ိတ်အားထက်သန်တဲ့ အသင်းတသင်းကို ခင်ဗျားတို့ ရှာဖွေတွေ့နိုင်မှာ ဖြစ်ပြီး အစပိုင်းမှာတင် ယုံကြည်မှုအနည်းငယ်ပိုပြီး ရှိလာနိုင်ပါတယ်”

Soccer Football – Premier League – Chelsea v Manchester United – Stamford Bridge, London, Britain – February 17, 2020 Manchester United’s Anthony Martial in action with Chelsea’s Cesar Azpilicueta REUTERS/Hannah McKay

“ခင်ဗျားတို့ အနေနဲ့ ဘယ်လောက်ပဲ လိုက်လျောညီထွေဖြစ်ပြီး ဂိမ်းကို ဘယ်လိုပဲ ထိန်းချုပ်နိုုင်ပါစ။ခင်ဗျားဘယ်လောက်ကောင်းကောင်းကစားနိုင်လဲဆိုတာတော့ ခင်ဗျားတို့ အပေါ်မှာပဲ မူတည်ပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။