ဒီရာသီ လာလီဂါ အဝေးကွင်းနိုင်ပွဲမရှိတာကို ဇာဗီ ကိုင်ချိန်မှာ အဆုံးသတ်နိုင်ခဲ့တဲ့ ဘာကာ

ဘာစီလိုနာ အသင်းကတော့ ဒီမနက်က လာလီဂါ ပွဲစဉ်အဖြစ် ဗီလာရီးရယ်လ် အသင်းနဲ့ အဝေးကွင်းမှာ ကစားခဲ့ရာ (၃)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ဘာစီလိုနာ အတွက် ဂိုးတွေကို ဒီဂျောင်၊ဒီပေးနဲ့ ကော်တင်ဟို တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။

နည်းပြ ဇာဗီ လက်ထက်မှာ ခြေစွမ်းပိုင်း သိသိသာသာ ပိုတိုးတက်လာတဲ့ ဘာစီလိုနာ အသင်းဟာ ဒီပွဲမှာလည်း အကောင်း‌ဆုံးကစားနိုင်ခဲ့တာပါ။ဘာစီလိုနာ အသင်းဟာ ဒီပွဲအနိုင်ရခဲ့တာကြောင့် ဒီရာသီ လာလီဂါမှာ အဝေးကွင်း နိုင်ပွဲမရသေးတာကို အ‌ဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ အရင် ကစားခဲ့တဲ့ လာလီဂါပွဲစဉ်(၅)ပွဲမှာ (၃)ပွဲသရေ (၂)ပွဲရှုံးနိမ့်ခဲ့တာပါ။ဒါကို ဇာဗီ ကိုင်တွယ်ချိန်မှာ နိုင်ပွဲရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပေးကလည်း နောက်ဆုံးကစားခဲ့တဲ့ လာလီဂါပွဲစဉ်(၄)ပွဲမှာ (၄)ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။ဘာစီလိုနာ အသင်းဟာ ဇာဗီ လက်ထက် ပြိုင်ပွဲစုံ(၃)ပွဲကစားပြီးချိန်မှာ လာလီဂါ(၂)ပွဲဆက် နိုင်ပွဲရရှိထားတာဖြစ်ပြီး ချန်ပီယံလိဂ်မှာတော့ သရေကစားနိုင်ခဲ့တာပါ။

ဘာစီလိုနာ အသင်းဟာ ဒီနိုင်ပွဲကြောင့် လာလီဂါ အမှတ်ပေးဇယား အဆင့်(၇)နေရာမှာ ရပ်တည်နေတာဖြစ်ပြီး အဆင့်(၄)နေရာက အသလက်တီကို အသင်းနဲ့ (၃)မှတ်သာ ကွာဟတော့တာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ လာလီဂါ ပြိုင်ပွဲမှာ ရလဒ်တွေကောင်းလာပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုကနေ နောက်တဆင့်တက်ဖို့ ဆိုရင် နောက်ဆုံးကစားရမယ့် ဘာစီလိုနာ အသင်းနဲ့ ပွဲမှာ မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေတာလည်းဖြစ်ပါတယ်။ဘာစီလိုနာ ဥက္ကဌ လာပေါ်တာ က ဒါကို ဇာဗီ လုပ်ပြနိုင်မယ်ဆိုတာ ယုံကြည်နေတာဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ ဒီဇင်ဘာ(၄)ရက်မှာ ဘက်တစ်အသင်းနဲ့ ကစားရမှာဖြစ်ပြီး ဒါပြီးရင် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။