မက်ဆီထက် ဘောလွန်းဒီအောဆု ပိုရမှ ကစားသမားဘဝက အနားယူချင်တဲ့ ရော်နယ်ဒို

ရော်နယ်ဒို ရဲ့အကြီးမားဆုံး ရည်မှန်းချက်ကတော့ ပြိုင်ဘက်ကြီး မက်ဆီထက် ဘောလွန်းဒီအောဆုပိုရယူပြီး ကစားသမားဘဝကနေ အနားယူဖို့ ဖြစ်တယ်လို့ ဘောလွန်းဒီအောဆုပေးပွဲအကြီးအကဲ ဖြစ်သူ ပါစကဲလ်ဖာရီ က ပြောလိုက်ပါတယ်။

ရော်နယ်ဒို ဟာ ဘောလွန်းဒီအောဆုကို (၅)ကြိမ်ရရှိထားတာဖြစ်ပြီး မက်ဆီက ဘောလွန်းဒီအောဆုကို (၆)ကြိမ်ရရှိထားတာဖြစ်ပါတယ်။မက်ဆီ ဟာ အခုနှစ်မှာပေးအပ်မယ့် ဘောလွန်းဒီအောဆုပေးပွဲမှာလည်း ဒီဆုကို (၇)ကြိမ်မြောက် ရရှိဖို့ ရေပန်းအစားဆုံး ဖြစ်နေတာဖြစ်နေတာပါ။

ဒါပေမယ့် ရော်နယ်ဒို ကတော့ မက်ဆီ ထက် ဒီဆုကို ပိုမိုရယူနိုင်ဖို့ စိတ်အားထက်သန်နေတာလည်းဖြစ်ပါတယ်။အခုလ(၂၉)ရက်မှာ ကျင်းပမယ့် ဆုပေးပွဲ မတိုင်ခင်တည်းက မက်ဆီဟာ (၇)ကြိမ်မြောက် ဘောလွန်းဒီအောဆုကို ရရှိခဲ့ပြီလို့ သတင်းတွေ ကြိုတင်ပေါက်ကြားနေခဲ့တာဖြစ်ပါတယ်။

သတင်းတွေအရ အခုနှစ်အတွက် မက်ဆီရဲ့နောက်မှာ ဘန်ဇီမာက ဒုတိယ၊လီဝန်ဒေါစကီး က တတိယနေရာရခဲ့တယ်လို့ ဖော်ပြနေကြတာပါ။

ပါစကဲလ်ဖာဖရီ က “ရော်နယ်ဒိုရဲ အကြီးမားဆုံးရည်မှန်းချက်ကတော့ မက်ဆီ ထက် ဘောလွန်းဒီအောဆုကို ပိုရပြီး ကစားသမားဘဝကနေ အနားယူဖို့ပါ။ကျွန်တော် ဘာလို့ သိနေလဲဆိုတော့ သူကိုယ်တိုင် ကျွန်တော့်ကိုပြောခဲ့လို့ပါပဲ”လို့ မာကာနဲ့ တွေ့ဆုံရာမှာ ပြောခဲ့တာဖြစ်ပါတယ်။

မက်ဆီ ဟာ ဘောလွန်းဒီအောဆုကို (၂၀၁၉) က နောက်ဆုံးရယူနိုင်ခဲ့တာဖြစ်ပြီး ရော်နယ်ဒို ကတော့ (၂၀၁၆) က နောက်ဆုံးအကြိမ်ရယူနိုင်ခဲ့တာပါ။ပါစကဲလ်ဖာဖရီ က မိုဒရစ် ဟာ ဘောလွန်းဒီအောဆုကို ရတယ်ဆိုပြီး အကြောင်းကြားခဲ့တုန်းက ကလေးတယောက်လို ငိုကြွေးခဲ့တယ်လို့လည်း ပြောခဲ့ပါသေးတယ်။

ရော်နယ်ဒို ဟာ အခုနှစ်ရဲ့ဘောလွန်းဒီအောဆု ဆန်ကာတင် (၁၁)ဦးစာရင်းမှာတော့ ပါဝင်နေပေမယ့် ဆုရဖို့ ရေပန်းမစားတာဖြစ်ပါတယ်။

No

ပြီးခဲ့တဲ့ နွေရာသီက အသင်းဟောင်း မန်ချက်စတာယူနိုက်တက် အသင်းကို တကျော့ပြန် ရောက်ရှိလာခဲ့တဲ့ ရော်နယ်ဒို ဟာ အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက်ကျသွင်းဂိုးအများအပြားနဲ့ ကယ်တင်နိုင်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ(၁၄)ပွဲမှာ (၁၀)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။