ရောက်တာနဲ့ လူသစ်တယောက်ခေါ်ပြီး ပရီးမီးယားလိဂ်ကိုဝုန်းဖို့ ပြင်ထားတဲ့ ရန်းနစ်ဂ်

ယူနိုက်တက်ရဲ့ ယာယီနည်းပြသစ် ရန်းနစ်ဂ်က လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူမယ့် ကစားသမားအတွက် ကြိုတင်ပြင်ဆင်ပြီးပြီလို့ သိရပါတယ်။

ရန်းနစ်ဂ် အလိုရှိနေတဲ့ ကစားသမားကတော့ သူ့အသင်းဟောင်း လိုက်ပ်ဇစ်က ကွင်းလယ်လူ ဟိုင်ဒါရာပဲဖြစ်ပါတယ်။

ဟိုင်ဒါရာရဲ့ စာချုပ်လျော်ကြေးကတော့ ပေါင် (၃၃) သန်းရှိတယ်လို့ သိရပါတယ်။ အသက် (၂၃) နှစ်အရွယ် ဒီကစားသမားဟာ ရန်းနစ်ဂ်ရဲ့ အထင်ကြီးလေးစားမှုကိုရရှိထားပြီး အခုချိန်မှာတော့ ယူနိုက်တက်ရဲ့ ပစ်မှတ်ပါ ဖြစ်လာတော့မှာပါ။

ရန်းနစ်ဂ်ဟာ ဆဲလ်ဘာ့ဂ်နဲ့ လိုက်ပ်ဇစ် နှစ်သင်းလုံးရဲ့ အားကစားဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး ဟိုင်ဒါရာကိုလည်း ဆဲလ်ဘာ့ဂ်ကနေ လိုက်ပ်ဇစ်ဆီ ခေါ်ယူခဲ့ပါတယ်။

ပြီးခဲ့တဲ့ (၂၀၁၉) မှာ ရန်းနစ်ဂ်က ဟိုင်ဒါရာကို ပြောင်းရွှေ့ကြေး ပေါင် (၁၇) သန်းနဲ့ ဂျာမန်မြေဆီ အရောက်ခေါ်ယူခဲ့တာပါ။ ဟိုင်ဒါရာဟာ ပြီးခဲ့တဲ့ရာသီက လိုက်ပ်ဇစ်အတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ပြိုင်ပွဲစုံ (၄၃) ပွဲအထိ ပါဝင်ကစားခွင့်ရခဲ့ပြီး ပြိုင်ပွဲစုံသွင်းဂိုး (၆) ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိ ယူနိုက်တက် ကွင်းလယ်က ပြင်ဆင်မှုတွေ ပြုလုပ်ရမယ့် အနေအထားဖြစ်ပြီး ဖရက်ဒ်၊ တွမ်မီနေး၊ ပေါ့ဘာတို့ရဲ့ အနေအထားကို ရန်းနစ်ဂ်က သဘောကျဟန်မရှိပါဘူး။

ရန်းနစ်ဂ်သာ သူ့စိတ်ကြိုက်ကစားဟန်ကို အမှန်တကယ် အသက်သွင်းမယ်ဆိုရင်တော့ ဟိုင်ဒါရာက ယူနိုက်တက်အတွက် အရေးပါတဲ့ ကစားသမားတယောက်ဖြစ်လာပါလိမ့်မယ်။