ချယ်လ်ဆီး နဲ့ ပွဲအပြီးမှာ ဒေါသတကြီးဖြစ်နေခဲ့တဲ့ ရော်နယ်ဒို

ရော်နယ်ဒို ဟာ ချယ်လ်ဆီး အသင်းနဲ့ တဖက်တဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီးမှာ ဒေါသတကြီးနဲ့ စတမ်းဖို့ဘရစ်ခ်ျရဲ့ ဥမင်လှိုဏ်‌ခေါင်းထဲကို ဝင်သွားခဲ့ပါတယ်။ရော်နယ်ဒို ဟာ ဒီပွဲမှာ အရန်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရခဲ့တာဖြစ်ပြီး (၆၄)မိနစ် အရောက်မှ ဆန်ချိုနဲ့ လူစားလဲပြီး ဝင်ရောက်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

ဒီဆုံးဖြတ်ဟာ မမျှော်လင့်ထားတဲ့ ဆုံးဖြတ်ဖြစ်ပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းဟာ ချယ်လ်ဆီးအသင်းဆီကနေ သရေတမှတ်ခွဲယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ဒုတိယပိုင်းမှာ ဆန်ချိုက ဂျော်ဂျင်ဟို ရဲ့အမှားကနေတဆင့် ချယ်လ်ဆီးဂိုးသမား မန်ဒီနဲ့ တဦးချင်းစီတွေ့ပြီး မန်ချက်စတာယူနိုက်တက် အတွက် ဦးဆောင်ဂိုးကို ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီး အတွက် ချေပဂိုးကို ဝမ်ဘစ်စကာ ဟာ ဂိုးဧရိယာထဲမှာ သီယာဂိုဆေးလ်ဗားကို ပြစ်ဒဏ်ကျုးလွန်ခဲ့တယ်ဆိုပြီး ဒိုင်လူကြီးက ပင်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့တာကို ဂျော်ဂျင်ဟို က အမှားအယွင်းမရှိအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ဒီဂိုးဝင်အပြီးမှာ ချယ်လ်ဆီး အသင်းဟာ အလွန်ကောင်းမွန်တဲ့ အခွင့်အရေးတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် တဖက်တဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ကတော့ ဒီပွဲမှာ သူ့ကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့လို့ မပျော်မရွှင်ဖြစ်နေပြီး စိတ်ပျက်စရာ ညနေခင်းလည်းဖြစ်ခဲ့တာပါ။ရော်နယ်ဒို ဟာ ချယ်လ်ဆီး အသင်းကို ဘောလုံးပေးကန်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဒိုင်လူကြီး အန်သိုနီတေလာ ကို စောဒကတက်ခဲ့လို့ အဝါကတ်ပြသလည်းပြသခံခဲ့ရပါသေးတယ်။

ရော်နယ်ဒို ဟာ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းမှုလည်း မပြုလုပ်နိုင်ခဲ့သလို သူ့ရဲ့ကြိုးစားမှုတွေကလည်း အရာမထင်ခဲ့တာဖြစ်ပါတယ်။ပွဲပြီးသွားတဲ့ အချိန််မှာ ရော်နယ်ဒို ဟာ ဒေါသတကြီးဖြစ်နေခဲ့ပြီး ချယ်လ်ဆီး ကစားသမားတွေနဲ့ ဒိုင်လူကြီးတွေကို လက်ဆွဲနှုတ်ဆက်ခြင်းတောင်မရှိတော့ပဲ ဥမင်ထဲကို တန်းပြီးဝင်သွားခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ စတမ်းဖို့ဘရစ်ချ်ကို လိုက်ပါအားပေးခဲ့တဲ့ ပရိသတ်တွေကိုတောင် နှုတ်ဆက်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒို ဟာ ဒီရာသီမှာ အသင်းကြီးတွေဖြစ်တဲ့ မန်စီးတီး၊လီဗာပူးလ် တို့နဲ့ ပွဲတွေမှာလည်း ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး စပါးအသင်းနဲ့ ပွဲတပွဲတည်းသာ ဂိုးသွင်းပြီး ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ကြားရက်မှာ ကစားမယ့် အာဆင်နယ် နဲ့ ပွဲမှာရော ခြေစွမ်းကောင်းတွေပြနိုင်မလားဆိုတာ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။