အခုတော့လည်း ဘောလွန်းဒီအောက မက်ဆီအတွက်ဆိုပြီး မက်ဆီမှ မက်ဆီဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ် က မက်ဆီ အနေနဲ့ ကမ္ဘာမှာ ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပြီး ဘောလွန်းဒီအောဆုပိုက်ပြီး ဂုဏ်ယူစွာနဲ့ အိမ်ပြန်နိုင်ဖို့ကို မျှော်လင့်နေတာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။သူတို့(၂)ဦးဟာ လာလီဂါမှာ ပြိုင်ဘက်တွေအဖြစ် ကာလကြာရှည်စွာရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ဒီအပြောင်းအရွှေ့ကမှ ပီအက်စ်ဂျီ အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

စိန့်အန်တီယန် အသင်းကို (၃)ဂိုး-(၁)ဂိုးနဲ့ အနို်င်ရခဲ့တဲ့ ပြင်သစ် လီဂူးဝမ်းပွဲစဉ်မှာတော့ သူတို့(၂)ဦးဟာ အသင်းဖော်တွေအဖြစ် ပထမဆုံးအကြိမ် ပွဲထွက်ခဲ့ပြီး မက်ဆီ က ဒီပွဲမှာ ပီအက်စ်ဂျီ အသင်းသွင်းယူခဲ့တဲ့ (၃)ဂိုးလုံးကို ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

မက်ဆီ ကတော့ အခုနှစ်မှာ ကျင်းပမယ့် ဘောလွန်းဒီအောဆုကို (၇)ကြိမ်မြောက်ရယူနိုင်ဖို့ ရေပန်းစားနေခဲ့တာလည်းဖြစ်ပါတယ်။ရာမို့စ် က “မက်ဆီ ဒီဆုကိုရယူနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ထားပါတယ်။ကျွန်တော့် အသင်းက သူတွေကိုပဲ ကျွန်တော်ကာကွယ်ပေးသွားမှာပါ။ကမ္ဘာကြီးပေါ်မှာ သူကံကောင်းပါစေလို့ ကျွန်တော် ဆုတောင်းပေးနေမှာပါ”

“သူဟာ ပုံစံကောင်းရှိနေပြီး တကယ်ကို ကွဲပြားခြားနားတဲ့ ကစားသမားလို့ ကျွန်တော်ထင်ပါတယ်။သူဟာ ထူးခြားတဲ့ ကစားသမားဖြစ်ပြီး အသင်းက သူ့ကို ရထားတာ ကျေနပ်ဖို့ ကောင်းပါတယ်”

“ပီအက်စ်ဂျီ ကို ပိုမိုကြီးမားတဲ့ အောင်မြင်မှုတွေရယူစေချင်ပြီး လိုအပ်တဲ့ အရာတွေက်ို အောင်မြင်အောင် စွမ်းဆောင်နိုင်ဖို့ အတွက် တဦးချင်းစီကနေ ကိုယ်ပိုင်အရည်အသွေးတွေကို ဖြည်းဖြည်းချင်းယူဆောင်ပေးလာနိုင်ဖို့ မျှော်လင့်ကြောင်း”ပြောခဲ့တာဖြစ်ပါတယ်။

ရာမို့စ်နဲ့ မက်ဆီ တို့ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်(၂)ခုအတွင်း လာလီဂါမှာ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သလို သူတို့ကစားတဲ့နေရာမှာ အကောင်းဆုံး ကစားသမားတွေအဖြစ်လည်း သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီအကုန်မှာတော့ သူတို့(၂)ဦးလုံးဟာ ဘာစီလိုနာ၊ရီးရယ်လ် အသင်းတို့နဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီး ပီအက်စ်ဂျီ အသင်းကို အလွတ်နဲ့ ရောက်ရှိလာခဲ့ပါ။

သူတို့(၂)ဦးတသင်းတည်းမှာ အတူတွဲကစားတာကို မြင်ရဖို့က အိမ်မက်ပဲဖြစ်နိုင်တယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် အခုအချိန်မှာတော့ တသင်းတည်းမှာ အတူတွဲကစားနေကြတာကို စိန့်အန်တီယန်နဲ့ ပွဲမှာ မြင်တွေ့ခဲ့ရပြီလည်းဖြစ်ပါတယ်။

ရာမို့စ် က အခုအချိန်မှာ အသင်းဖော်ဖြစ်နေတဲ့ မက်ဆီကို ဘောလွန်းဒီအောဆုအတွက် ထောက်ခံနေပြီလည်းဖြစ်ပါတယ်။ မက်ဆီ ဟာ ဒီနှစ်ဘောလွန်းဒီအောဆုအတွက် ဘန်ဇီမာ၊လီဝန်ဒေါစကီးတို့နဲ့ အပြိုင်ရေပန်းစားနေခဲ့ တာဖြစ်ပါတယ်။