ရက်ဂ်နစ် ဟာ ရော်နယ်ဒိုဆီကနေ အကောင်းဆုံးအရည်အသွေး‌တွေ ယူနိုင်တယ်လို့ ဆိုတဲ့ ဒမ်ဘာဘား

ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ဒမ်ဘာဘား က ရော်နယ်ဒို ဟာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ယာယီနည်းပြဖြစ်လာမယ့် ရက်ဂ်နစ် ရဲ့အစီအစဉ်နဲ့ ကိုက်ညီမယ်ဆိုတာယုံကြည်တယ်လို့ ပြောလိုက်ပါတယ်။

ရက်ဂ်နစ် ဟာ သူကိုင်တွယ်နေတဲ့ အသင်းက ကစားသမားတွေရဲ့အကောင်းဆုံးပုံစံကို ထုတ်ယူနိုင်စွမ်းရှိတယ်လို့ ဒမ်ဘာဘားက ပြောခဲ့တာဖြစ်ပါတယ်။ဒမ်ဘာဘား က “ရော်နယ်ဒို ဟာ ရက်ဂ်နစ်ရဲ့အစီအစဉ်နဲ့ ကိုက်ညီမယ်ဆိုတာကို ကျွန်တော်ယုံကြည်ပါတယ်”

“ရက်ဂ်နစ် ဟာ ကစားသမားတွေဆီကနေ အကောင်းဆုံးတွေကို ရယူနိုင်မယ့် ဉာဏ်ရည်ဉာဏ်သွေးတွေ ရှိပါတယ်။ဒါ့အပြင် သူ့မှာရှိနေတဲ့ အသင်းနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်မယ့် ဉာဏ်ရည်ဉာဏ်သွေး လည်းရှိတယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်”လို့ဆိုခဲ့တာဖြစ်ပါတယ်။

ဒမ်ဘာဘား ဟာ ဂျာမနီကလပ် ဟော်ဖန်ဟိိမ်း အသင်းမှာ ကစားခဲ့တုန်းက ရက်ဂ်နစ်ရဲ ့လက်အောက်မှာ ကစားခဲ့ရတာဖြစ်ပါတယ်။ဒမ်ဘာဘား ရဲ့ပြောဆ်ိုမှုတွေဟာ မကြာသေးခင်က ရလဒ်ဆိုးတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက် ကစားသမားတွေက်ို အားတက်စေနိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်မှာ ရလဒ်တွေဆိုးရွားနေတာဖြစ်ပြီး ဝက်ဖိုဒ့်ကို အရေးနိမ့်တဲ့ ပွဲအပြီးမှာ ဆိုးလ်ရှားကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာ အသင်းကို ကစားသမားဟောင်းဖြစ်တဲ့ မိုက်ကယ်ကာရစ် က ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတာပါ။

မိုက်ကယ်ကာရစ်ရဲ့ လက်ထက်မှာ မန်ချက်စတာယူနိုက်တက် အသင်းဟာ (၂)ပွဲကစားအပြီးမှာ (၁)ပွဲနိုင် (၁)ပွဲသရေကျခဲ့တာဖြစ်ပါတယ်။ဗီလာရီးရယ်လ် နဲ့ ချန်ပီယံလိဂ်မှာ (၂)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ်မှာ တဖက်(၁)ဂိုးစီ သရေကျခဲ့တာဖြစ်ပါတယ်။

ရက်ဂ်နစ် ဟာ မန်ချက်စတာယူနိုက်တက် အသင်းမှာ အလုပ်လုပ်ခွင့်ပါမစ်မရသေးတာကြောင့် ကြားရက်မှာ ကစားမယ့် အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း မိုက်ကယ်ကာရစ်ကပဲ ယာယီနည်းပြအဖြစ် ဆက်လက်ကိုင်တွယ်ဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။