စိန့်အန်တီယန် နဲ့ ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် အခုနှစ်အကုန်ထိ အနားယူရနိုင်တဲ့ နေမာ

ပီအက်စ်ဂျီ အသင်းရဲ့ အဓိကတိုက်စစ်ကစားသမားဖြစ်တဲ့ နေမာ ဟာ စိန့်အန်တီယန် အသင်းကို အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲမှာ ရရှိခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် (၁)လကျော်ကြာ အနားယူရဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

နေမာ ဟာ စိန့်အန်တီယန် အသင်းကို (၃)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲပြီးခါနီး(၁၀)မိနစ်အလိုမှာ ဆိုးရွားတဲ့ ခြေကျင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့် နေမာ ဟာ ကွင်းထဲမှာ ငိုကြွေးနေခဲ့ပြီး ထမ်းစင်နဲ့ ကွင်းပြင်ကို သယ်ထုတ်သွားခဲ့ရတာပါ။

RMC Sport ကတော့ နေမာရဲ့ဒဏ်ရာအခြေအနေကို ပထမအကြိမ် ကနဦးစမ်းသပ်စစ်ဆေးခဲ့ရာမှာ ခြေကျင်းဝတ် အဆစ်လွဲသွားခဲ့တာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။အဲ့ဒါကြောင့် ကစားသမား ဟာ (၆)ပတ်ကြာ အနားယူရဖွယ်ရှိနေတာဖြစ်ပါတယ်။

ဘရာဇီးလ် ကစားသမားဟာ ဒဏ်ရာပြသနာကြောင့် လာမယ့်နှစ်အထိ ပွဲတွေကစားနိုင်မှာမဟုတ်ဘူးလို့လည်း သတင်းမှာ ဆိုထားပါတယ်။နေမာ ရဲ့ ဒဏ်ရာအခြေအနေကို မကြာခင်မှာ နောက်ထပ်စမ်းသပ် စစ်ဆေးမှုုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ပီအက်စ်ဂျီ ကတော့ ကစားသမား နားရမယ့် အချိန်ကို လျှော့ချနိုင်ဖို့ မျှော်လင့်နေတာပါ။

လက်ရှိအချိန်မှာ နေမာရဲ့ဒဏ်ရာအခြေအနေကို ရှင်းရှင်းလင်းလင်းမသိရသေးသလို ဘယ်လောက်ကြာကြာ အနားယူရမလဲဆိုတာကိုလည်း တိတိကျကျမသိရသေးတာဖြစ်ပါတယ်။ဒါပေမယ့် ပီအက်စ်ဂျီ အသင်း ဆေးအဖွဲ့ ကတော့ ပြင်းထန်တဲ့ အဆစ်လွဲတဲ့ ဒဏ်ရာလို့ ကနဦးအကဲဖြတ်ထားတာပါ။

ပီအက်စ်ဂျီ အသင်းဆရာဝန်တွေရဲ့ပြောဆိုမှုကို အခြေခံပြီး သတင်းတွေအရ နေမာ ဟာ အနည်းဆုံး(၁)လခွဲ ကြာအနားယူရမယ်လို့ ဆိုထားပါတယ်။ပီအက်စ်ဂျီ အသင်းဟာ ဒီရာသီမှာ နေမာ၊မက်ဆီနဲ့ ဘတ်ပီ တို့ (၃)ဦးကို တွဲဖက်ပြီး အသင်းကို တည်ဆောက်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ဒါပေမယ့် သူတို့(၃)ဦးအတွဲအဖက် ဟာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။နေမာ ဟာ အခုရာသီ ပီအက်စ်ဂျီ အသင်းအတွက် (၁၄)ပွဲကစားထားပြီး (၃)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။