၂၀၁၀ နောက်ပိုင်း ပထမဆုံးအကြိမ် ဘောလွန်းဒီအော ထိပ်ဆုံး၅ဦး အပြင်ကို ရောက်သွားတဲ့ ရော်နယ်ဒို

မန်ချက်စတာယူနိုက်တက် အသင်း တိုက်စစ်ကစားသမား ရော်နယ်ဒို ကတော့ အခုနှစ် အတွက် ဘောလွန်းဒီအော အဆင့်သတ်မှတ်ချက်မှာ (၁၇၈)မှတ်နဲ့ နံပတ်(၆)နေရာမှာ ရပ်တည်နေခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို အတွက်တော့ (၂၀၁၀) နောက်ပိုင်း ပထမဆုံးအကြိမ် ဘောလွန်းဒီအောရဲ့ထိပ်ဆုံး(၅)ဦးပြင်ပကို ရောက်ရှိခဲ့တာလည်းဖြစ်ခဲ့တာပါ။ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့နှစ်နဲ့ အခုနှစ်ထဲမှာ ကြီးမားတဲ့ အောင်မြင်မှုတွေမရယူနိုင်ခဲ့တာကြောင့်လည်း အခုလိုဖြစ်ခဲ့တာပါ။

ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ရာသီ ဂျုဗင်တပ်စ် အသင်းနဲ့ အတူ စီးရီးအေဖလားကို လက်လွှတ်ခဲ့ရပြီး ကိုပါအီတာလီယာဖလားကိုသာ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ပေါ်တူဂီ လက်ရွေးစင် နဲ့လည်း ယူရိုပြိုင်ပွဲမှာ အောင်မြင်မှုမရခဲ့တာလည်းဖြစ်ပါတယ်။

ဒီလိုအချက်တွေကြောင့် ရော်နယ်ဒို ဟာ ဘောလွန်းဒီအောရဲ့ထိပ်ဆုံး(၅)ဦးပြင်ပကို ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုကတော့ ဘောလွန်းဒီအောဆုကို (၂၀၁၇) က နောက်ဆုံးအကြိမ် ရယူခဲ့ပြီးတည်းက အခုအချိန်ထိ ဒီဆုနဲ့ အလှမ်းဝေးနေခဲ့တာပါ။

ဒီနှစ်ဆုပေးပွဲမှာလည်း ရော်နယ်ဒို ဟာ ဒီဆုကို ရဖို့ မသေချာမှန်းသိတဲ့ အတွက် တက်ရောက်ခဲ့ခြင်းတောင် မရှိတာဖြစ်ပါတယ်။ရော်နယ်ဒို ရဲ့ပြိုင်ဘက် မက်ဆီကတော့ ဒီဆုကို (၇)ကြိမ်မြောက်အဖြစ် စံချိန်တင်ရယူသွားခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို အနေနဲ့ ကတော့ လာမယ့်နှစ်မှာ ဘောလွန်းဒီအောဆုကို ရယူဖို့ အတွက်ဆိုရင် ကလပ် နဲ့ နိုင်ငံအသင်းအတွက် အကောင်းဆုံးတွေ စွမ်းဆောင်နိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။လက်ရှိအချိန်မှာ ရော်နယ်ဒို ဟာ အနည်းငယ်ရုန်းကန်နေရတဲ့ အခြေအနေမှာရှိနေတာပါ။

Hi

ရော်နယ်ဒို ဟာ ပေါ်တူဂီ အသင်းနဲ့ (၂၀၂၂) ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့ အ‌ဓိကထားကြိုးစားသွားရမှာလည်းဖြစ်ပါတယ်။ပေါ်တူဂီ အသင်းဟာ ခြေစစ်ပွဲတိုက်ရိုက်မအောင်မြင်တာကြောင့် ပလေးအောဖ့်ပွဲစဉ်တွေဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။