နောက်တခါ တန်းဆင်းရဖို့ရှိလာပြန်တဲ့ ဂျူဗင်တပ်စ်နဲ့ မသမာမှုများ

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ဂျူဗင်တပ်စ်ရဲ့ ရုံးခန်းကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းကာ စာရွက်စာတမ်းတွေကို သိမ်းဆည်းခဲ့ပါတယ်။

ဒါ့အပြင် အသင်းဥက္ကဌ အဂ္ဂါနယ်လီနဲ့ ဒုတိယဥက္ကဌ နက်ဗက်တို့ကိုလည်း ရဲတပ်ဖွဲ့က စတင်စစ်ဆေးမေးမြန်းနေပါပြီ။ အကြောင်းရင်းကတော့ ပြီးခဲ့တဲ့ (၂) နှစ်အတွင်း ဂျူဗင်တပ်စ်တို့ အမြတ်ငွေ ယူရိုသန်း (၅၀) ရရှိခဲ့တာနဲ့ ပြိုင်ပွဲအပေါ် မသမာတဲ့နည်းလမ်းတွေနဲ့ လွှမ်းမိုးခဲ့တာကို မသင်္ကာလို့ပါ။

နောက်ပြီး ဂျူဗင်တပ်စ်ကနေ စပါးကို ပြောင်းရွှေ့သွားခဲ့ပြီးဖြစ်တဲ့ အားကစားဒါရိုက်တာ ပရက်တီချီကိုလည်း အီတလီရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ စားသုံးသူ အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ ဥက္ကဌ ဒွန်ဇယ်လီကတော့ “ဒီတခါ စွပ်စွဲမှုကတော့ အတော်လေးပြင်းထန်ပါတယ်”

“ဂျူဗင်တပ်စ်အနေနဲ့ စီးရီးအေမှာ အောင်မြင်မှုတွေကို မတရားတဲ့ နည်းလမ်းတွေနဲ့ ရယူခဲ့တယ်လို့ စွပ်စွဲမှုတွေရှိနေပြီး ဒီအတွက် အရေးယူမှုတွေ ပြုလုပ်ရမှာပါ။ သူတို့က အသင်းတွေအကြား ပြိုင်ဆိုင်မှုတွေမှာ လွဲမှားတဲ့နည်းလမ်းတွေနဲ့ အသာစီးယူခဲ့ပါတယ်”

“ဒီဖြစ်ရပ်အတွက် အဓိကကျတဲ့ ပုဂ္ဂိုလ်တယောက်ချင်းစီက တာဝန်ယူရမှာဖြစ်သလို အသင်းလိုက်အနေနဲ့လည်း တာဝန်ယူရပါလိမ့်မယ်။ သူတို့နောက်ဆုံးရထားတဲ့ ချန်ပီယံဆုကို ရုပ်သိမ်းပြီး အသင်းက တန်းဆင်းရနိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဂျူဗင်တပ်စ်ဟာ ပြီးခဲ့တဲ့ (၂၀၀၆) မှာလည်း လုပ်ပွဲအရှုပ်တော်ပုံတွေကြောင့် စီးရီဘီကို တန်းဆင်းခဲ့ရပြီး အဲ့ဒီအချိန်က ဂျူဗင်တပ်စ်နဲ့အတူ လာဇီယို၊ ဖီအိုရင်တီးနားတို့နဲ့လည်း အတူတူ တန်းဆင်းခဲ့ရဖူးတဲ့ သမိုင်းတွေရှိခဲ့ပါတယ်။