အာဆင်နယ်ကို အိမ်ကွင်းမှာဗျင်းဖို့အတွက် အခုထက်ပိုကောင်းအောင်လုပ်ကြလို့ ဒီဂီယာတိုက်တွန်း

ယူနိုက်တက် ဂိုးသမား ဒီဂီယာက မနက်ဖြန်ညမှာ ကစားမယ့် အာဆင်နယ်နဲ့ အိမ်ကွင်းပွဲအတွက် အနိုင်ကစားနိုင်ဖို့ အသင်းသားတွေအနေနဲ့ အခုထက် ပိုမိုတိုးတက်ဖို့ လိုအပ်တဲ့အကြောင်း ပြောကြားလာပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ ကာလရှည် နိုင်ပွဲပျောက်ဆုံးနေခဲ့တာဖြစ်ပြီး နောက်ဆုံး ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ပွဲမှာဲဆျခဲ့တာဖြစ်ပြီး နောက်ဆုံး ကစားခတန်ညမါြန်းနေပါပြလည်း သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာပါ။

အာဆင်နယ်ကတော့ နောက်ပိုင်းပွဲစဥ်တွေမှာ အကောင်းဆုံး ပုံစံပြသနေပြီး ဒီပွဲနဲ့ပတ်သက်လို့ ဒီဂီယာက အခုလိုပဲ ပြောကြားခဲ့ပါတယ်။

ဒီဂီယာက “ချဲလ်ဆီးနဲ့ သရေရလဒ်ကနေတဆင့် ကျနော်တို့ အများကြီး ယုံကြည်မှုရယူသင့်ပါတယ်။ အာဆင်နယ်က ကောင်းမွန်တဲ့ အခိုက်အတန့်တွေကို ပိုင်ဆိုင်ထားတာ ကျနော်တို့ သိပါတယ်”

“သူတို့က ပုံစံကောင်းပြနေတယ်၊ တိုးတက်လာတယ်၊ အဲ့ဒါကြောင့် အခုပွဲက ပွဲကြီးပွဲကောင်းဖြစ်လာမှာပါ။ ကျနော်တို့ရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကလည်း ကြီးကျယ်ခမ်းနားခဲ့ပြီး ဒါက ပွဲကြီးတွေမှာ အနိုင်ကစားဖို့ ယုံကြည်မှုရှိစေပါတယ်”

“ကျနော်တို့ နောက်ထပ်လည်း ဒါမျိုး ထပ်ကစားပြီး ဂိုးတွေသွင်းမယ်၊ အနိုင်ရလဒ်တွေယူရပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်ဟာ ယူနိုက်တက်ရဲ့ အထက် (၅) မှတ်အကွာမှာ ရပ်တည်နေတာဖြစ်ပြီး နောက်ဆုံး (၅) ပွဲမှာလည်း လီဗာပူးနဲ့ပွဲကလွဲလို့ ကျန်တဲ့ (၄) ပွဲလုံးကို အနိုင်ကစားနိုင်ခဲ့ပါတယ်။

ယူနိုက်တက်ကတော့ နောက်ဆုံး (၅) ပွဲမှာ (၁) ပွဲသာ နိုင်ထားပြီး ရလဒ်ဆိုးတွေကြား ရုန်းကန်နေရတာကြောင့် အိုးထရက်ဖို့ဒ်မှာ ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမလဲ စောင့်ကြည့်ရဦးမှာပါ။