ဘောလွန်းဒီအောဆု မက်ဆီ ရဖို့ မထိုက်တန်ဘူးလို့ ပွင့်ပွင့်လင်းလင်းပြောခဲ့တဲ့ တိုနီကရူးစ်

မက်ဆီ ကတော့ အခုနှစ်အတွက် ဘောလွန်းဒီအောဆုကို လီဝန်ဒေါစကီးနဲ့ ဂျော်ဂျင်ဟို တို့ကို မဲအသာရပြီး ရရှိသွားခဲ့ပါတယ်။မက်ဆီ အတွက်တော့ ဘောလွန်းဒီအော‌ဆုကို (၇)ကြိမ်မြောက်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

တိုနီကရူးစ် ကတော့ မက်ဆီ ဘောလွန်းဒီအောဆု ဆွတ်ခူးတဲ့ အပေါ်မှာ တုံ့ပြန်မှုပြုလုပ်သွားခဲ့ပါတယ်။ဂျာမန် ကစားသမားဟောင်းကတော့ မက်ဆီ ဟာ အခုနှစ် အတွက် ဒီဆုနဲ့ မထိုက်တန်ဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။

တိုနီကရူးစ် က “ဒါဟာ လုံးဝမထိုက်တန်ပါဘူး။မက်ဆီ ဟာ ခရစ်စတီယာနို နဲ့ အတူ ပြီးခဲ့တဲ့ ဆယ်စုနှစ်ရဲ့အကောင်းဆုံးကစားသမားဖြစ်ခဲ့တယ်ဆိုတာ လုံးဝသံသယဖြစ်စရာမရှိပါဘူး”

“ဒါပေမယ့် ဒီနှစ်မှာတော့ မက်ဆီ ရဲ့အထက်မှာ အခြားသူတွေရှိသင့်ပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။တိုနီကရူးစ် ကတော့ ဒီဆုကို ဘန်ဇီမာ ရယူဖို့ မျှော်လင့်နေခဲ့တာဖြစ်ပါတယ်။ဘန်ဇီမာ ဟာ ရီးရယ်လ် အသင်းနဲ့ ခြေစွမ်းပြသနိုင်ခဲ့သလို ပြင်သစ်နဲ့လည်း နေးရှင်းလိဂ်ဆုဖလားရယူနိုင်ခဲ့တာပါ။

ဒုတိယနေရာအတွက် ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီး ကို ရွေးချယ်ခဲ့တာပါ။လီဝန်ဒေါစကီး ဟာ ပြီးခဲ့တဲ့ ရာသီက ဘိုင်ယန်အသင်းအတွက် (၄၈)ဂိုးသွင်းယူပြီး (၉)ဂိုးဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။

တိုနီကရူးစ် ရဲ့တတိယရွေးချယ်မှုကတော့ ချယ်လ်ဆီး အသင်း ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုဖြစ်ပါတယ်။ဂျော်ဂျင်ဟို ဟာ ချယ်လ်ဆီး အသင်းနဲ့ ချန်ပီယံလိဂ်၊အီတလီ အသင်းနဲ့ ယူရိုချန်ပီယံဆုတွေကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မက်ဆီ ကတော့ အခုနှစ်ထဲမှာ အာဂျင်တီးနား နဲ့အတူ ကိုပါအမေရိကဖလားကို ရယူနိုင်ခဲ့ပြီး အသင်းဟောင်း ဘာစီလိုနာနဲ့လည်း ကိုပါဒယ်လ်ရေး ဆုဖလားတို့ကို ရယူခဲ့ကာ အခုနှစ်အတွင်းမှာ သွင်းဂိုး(၄၀)သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။