အာဆင်နယ် နဲ့ ပွဲ အတွက် ယူနိုက်တက်ကို ယာယီနည်းပြအဖြစ် ဆက်ကြီးကြပ်မယ့် ကာရစ်

မန်ချက်စဝာာယူနိုက်တက် အသင်းဟာ အာဆင်နယ် အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို မိုက်ကယ်ကာရစ်ကပဲ ယာယီနည်းပြအဖြစ် ဆက်လက်ကိုင်တွယ်သွားမှာဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။

မိုက်ကယ်ကာရစ် ဟာ ဆိုးလ်ရှားကို ထုတ်ပယ်ပြီးတည်းက မန်ချက်စတာယူနိုက်တက် အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်နေခဲ့တာပါ။သူ့ရဲ့လက်ထက်မှာ မန်ချက်စတာယူနိုက်တက် အသင်းဟာ ဗီလာရီးရယ်လ် နဲ့ ချန်ပီယံလိဂ်ပွဲမှာ (၂)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိထားပါတယ်။

ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ တဖက်တဂိုးစီ သရေကျခဲ့တာလည်းဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ လိုက်ပ်ဇစ် အသင်းနည်းပြဟောင်း ရက်ဂ်နစ် ကို ယာယီနည်းပြအဖြစ် ရာသီအကုန်ထိ ခန့်အပ်ထားတာပါ။

ဒါပေမယ့် ယာယီနည်းပြသစ်ရဲ့အလုပ်လုပ်ခွင့် ဗီဇာတွေအပါအဝင် အခြားအချက်တွေကြောင့် ကာရစ်ကပဲ အာဆင်နယ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို ဆက်လက်ကိုင်တွယ်သွားမှာဖြစ်ပါတယ်။

ရက်ဂ်နစ် ကတော့ ပဲလေ့စ် အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှ မန်ချက်စတာယူနိုက်တက် အသင်းကို စတင်ကိုင်တွယ်သွားဖို့ ရှိနေတာဖြစ်ပါတယ်။အဲ့ဒါကြောင့် ကာရစ် ဟာ အာဆင်နယ် နဲ့ ပွဲအတွက် အသင်းကို ဦးဆောင်ပြီး ပြင်ဆင်ပေးနေတာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၇)ပွဲမှာ အနိုင်ရတဲ့ ပွဲဆိုလို့ စပါး အသင်းကို အနိုင်ရတဲ့ပွဲသာ ရှိခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒါကြောင့် ရလဒ်ပိုင်းတွေဟာ ဆိုးရွားနေခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးနေပေမယ့် ချန်ပီယံလိဂ်မှာတော့ ဗီလာရီးရယ်လ် ကို အနိုင်ရကာ (၁၆)သင်းအဆင့်ကို တက်ရောက်သွားခဲ့ပြီလည်းဖြစ်ပါတယ်။