မြို့ခံပြိုင်ဘက်နည်းပြဟောင်းကိုပါ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စဉ်းစားနေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် အသင်းဟာ မန်စီးတီး အသင်းနည်းပြဟောင်း မန်စီနီ ကို အသင်းရဲ့အမြဲတမ်းနည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ရက်ဂ်နစ် ကို ယာယီနည်းပြအဖြစ် အခုရာသီအကုန်ထိ ခန့်အပ်ထားတာဖြစ်ပါတယ်။ရာသီကုန်ချိန်မှာတော့ အမြဲတမ်းနည်းပြအဖြစ် နည်းပြသစ်တဦးကို ခန့်အပ်ဖို့ အခုတည်းက စတင်ရှာဖွေနေတာလည်းဖြစ်ပါတယ်။တယ်လီဂရပ် က မန်စီနီ ဟာ မန်ချက်စတာယူနိုက်တက် အသင်းခန့်အပ်ဖို့ စဉ်းစားနေတဲ့ နည်းပြတဦးဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

မန်စီနီ ဟာ မန်စီးတီး အသင်းကို (၃)နှစ်ခွဲကြာ ကိုင်တွယ်ခဲ့တာဖြစ်ပြီး အသင်းကို (၂၀၁၂) က ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်အောင် ကိုင်တွယ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။မန်စီနီ ဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာလည်း အီတလီ အသင်းကို ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

မန်စီနီ ဟာ အီတလီ လက်ရွေးစင် အသင်းနဲ့ (၂၀၂၆) အထိ စာချုပ်ရှိနေတာဖြစ်ပေမယ့် ပရီးမီးယားလိဂ်ကို ပြန်လာဖို့ စိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။မန်စီနီ ရဲ့အီတလီ အသင်းဟာ လက်ရှိအချိန်မှာ ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့ အာမခံချက်မရှိသေးတာပါ။

အီတလီ အသင်းဟာ ပလေးအောဖ့် ကစားဖို့ ရှိနေတာဖြစ်ပြီး အကြိုဗိုလ်လုပွဲအဖြစ် မြောက်မက်ဆီဒိုးနီးယား အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ဒီပွဲအနိုင်ရခဲ့ရင် ဗိုလ်လုပွဲအဖြစ် ပေါ်တူဂီနဲ့ တူရကီ တို့ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

မန်စီနီ ဟာ မန်စီးတီးနဲ့ အင်တာမီလန် အသင်းတို့ကိုပဲ အောင်မြင်မှုရယူနိုင်ခဲ့တာမဟုတ်ပဲ အင်တာမီလန် အသင်းကိုလည်း (၂၀၀၆) ကနေ (၂၀၀၈) အထိ စီးရီးအေဖလား(၃)နှစ်ဆက် ရရှိအောင် ကိုင်တွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ မန်စီနီ အပါအဝင် လက်စတာနည်းပြ ရော်ဂျာ၊အေဂျတ်စ် နည်းပြ အဲရစ်တန်ဟတ်နဲ့ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနို တို့ကိုလည်း နည်းပြသစ်အဖြစ် ပစ်မှတ်ထားစဉ်းစားနေတာလည်းဖြစ်ပါတယ်။