သူနဲ့ လီဝန် ဆီက မက်ဆီ ဘောလွန်းဒီအော ခိုးယူခဲ့တယ်ဆိုတာကို ထောက်ခံခဲ့တဲ့ ရော်နယ်ဒို

ရော်နယ်ဒို က မက်ဆီ ဟာ သူနဲ့ လီဝန်ဒေါစကီး ဆီကနေ ဘောလွန်းဒီအောဆုကို ခိုးယူခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး ပရိသတ်တဦးတင်ထားတာကို လူသိရှင်ကြားထောက်ခံလိုက်ပါတယ်။မက်ဆီ ဟာ အခုနှစ်အတွက် ဘောလွန်းဒီအောဆုကို လီဝန်ဒေါစကီးထက် (၃၃)မှတ်အသာနဲ့ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အခုတကြိမ်နဲ့ဆိုရင် မက်ဆီဟာ ဘောလွန်းဒီအောဆုကို စံချိန်တင်(၇)ကြိမ်မြောက်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒို ကတော့ နံပတ်(၆) နေရာမှာ ရပ်တည်ခဲ့တာလည်းဖြစ်ပါတယ်။ပရိသတ်တဦးက မက်ဆီ ဟာ ရော်နယ်ဒို နဲ့ လီဝန်ဒေါစကီးဆီ ကနေ ဘောလွန်းဒီအော‌‌ဆု ခိုးယူခဲ့တာကို ချက်ကျလက်ကျ ရေးသားထားတာပါ။

ပရိသတ်တဦးက “သူခိုး၊ညစ်ပတ်လုပ်ရပ်၊ရှက်စရာကောင်းတဲ့လုပ်ရက်ပါ။ဘယ်သူ က ဒါနဲ့ ထိုက်တန်လဲဆိုတာသိပါတယ်။အတုအယောင်ပျော်ရွှင်မှုတွေ၊ဂုဏ်သိက္ခာမရှိတဲ့ အရာ‌တွေပါ”

“သူတို့က ရော်နယ်ဒို ကို နံပတ်(၆)နေရာမှာထည့်ထားပါတယ်။အပေါ်က (၅)ဦးက ဒီနှစ်ထဲမှာ သူ့ထက်ပိုအလုပ်လုပ်ခဲ့တယ်လို့ ထင်ပါသလား?ဘယ်တော့မှပါပဲ။ရော်နယ်ဒို ဟာ ဒီဆုကို ရဖို့ အတွက် (၃၀၀)ရာခိုင်နှုန်း သံသယဖြစ်စရာမလိုပါဘူး”လို့ ‌ရေးသားခဲ့တာပါ။

ရော်နယ်ဒို ကလည်း ဒီပို့စ်အောက်မှာ အချက်အလက်တွေပါပဲလို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

အခုနှစ်ဆုပေးပွဲမှာ မက်‌ဆီ ဆုရခဲ့တာနဲ့ ပတ်သက်ပြီး ကလောပ့်၊ကာဆီးလတ်စ်နဲ့ တိုနီကရူးစ် တို့ကလည်း အံအားသင့်နေခဲ့ပြီး သူတို့က မက်ဆီ နဲ့ မထိုက်တန်ဘူးလို့ ပြောဆိုထားခဲ့တာဖြစ်ပါတယ်။

ဘောလွန်းဒီအောဆုပေးပွဲ ကျင်းပခဲ့ပြီးဖြစ်ပေမယ့် အခုအချိန်ထိ ဆုပေးပွဲနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေဟာ ထွက်ပေါ်နေဆဲဖြစ်ပါတယ်။ဒါပေမယ့် မက်ဆီ ကတော့ ဘောလုံးသမိုင်းတလျှောက် ဘောလွန်းဒီအောအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။