အာဆင်နယ်နဲ့ ပွဲမှာ ရော်နယ်ဒို ကို ပွဲစတည်းက သုံးသင့်တယ်လို့ ပြောခဲ့တဲ့ ရှရင်ဂမ်

ရှရင်ဂမ် ကတော့ ရော်နယ်ဒို ကို အာဆင်နယ် အသင်းနဲ့ပွဲမှာ ပွဲစတည်းက မန်ချက်စတာယူနိုက်တက် အတွက် ပါ၀င်စေချင်နေတယ်လို့ ပြောလိုက်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ အာဆင်နယ် အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ကစားရမှာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ချယ်လ်ဆီး အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အရန်ကစားသမားအဖြစ်နဲ့ သာ ပါ၀င်ခဲ့ရပြီး လူစား၀င်ကစားသမားအဖြစ် ကစားခဲ့ရတာဖြစ်ပါတယ်။ဒီပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းဟာ ချယ်လ်ဆီး အသင်းနဲ့ တဖက်(၁)ဂိုးစီ သရေကျခဲ့တာပါ။

ရော်နယ်ဒို ဟာ အဲ့ဒီပွဲမှာ ဂိုးသွင်းခဲ့တဲ့ ဆန်ချိုရဲ့ နေရာမှာ အစားထိုး၀င်ရောက်လာခဲ့ပေမယ့် အသင်းအတွက် အကျိုးသက်ရောက်မှုရှိအောင် မလုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ရှရင်ဂမ် ကတော့ အာဆင်နယ်နဲ့ ပွဲမှာ ရော်နယ်ဒို ကို ပွဲစတည်းက အသုံးပြုသင့်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ရှရင်ဂမ် က “ခင်ဗျားအနေနဲ့ ရော်နယ်ဒို ရဲ့အရည်အသွေးကို သိတဲ့သူဆိုရင် ရွိုင်ကိန်း ပြောတဲ့ စကားကို သဘောတူလက်ခံရပါမယ်။သူဟာ ပွဲကြီင်္းပွဲကောင်းတွေ ကစားဖို့ မန်ချက်စတာယူနိုက်တက် အသင်းကို ပြန်လာခဲ့တာပါ”

“ဒါဟာ ကြီးမားတဲ့ ကစားသမားတွေပဲ လုပ်တဲ့အရာဖြစ်ပြီး သူတို့ဟာ ပွဲကြီးတွေရဲ့ထိပ်တန်းအဆင့်မှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ကြပါတယ်။အာဆင်နယ်နဲ့ ပွဲက ကြီးကျယ်တဲ့ပွဲပါ။သူတို့ဟာ ထိပ်ဆုံး(၄)သင်းကို လွှမ်းမိုးနေပါတယ်။မန်ချက်စတာယူနိုက်တက် အတွက် အာဆင်နယ်နဲ့ ပွဲက အမြဲတမ်းပွဲကြီးပွဲကောင်းပါပဲ”

“ခင်ဗျားအနေနဲ့ ခင်ဗျားရဲ့အကောင်းဆုံးကစားသမားတွေကို လိုအပ်နေပြီး သူဟာ အကောင်းဆုံးကစားသမား တွေထဲက တဦးဆိုတာ သံသယမရှိပါဘူး”လို့ ပြောခဲ့တာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ယာယီနည်းပြ ကာရစ်ကတော့ နည်းစနစ်ပိုင်းအရ ရော်နယ်ဒို ကို ချယ်လ်ဆီးနဲ့ ပွဲမှာ လူစား၀င်ကစားသမား အဖြစ် အသုံးပြုထားတာလို ပြောထားတာပါ။

အဲ့ဒါကြောင့် ရော်နယ်ဒို အနေနဲ့ အာဆင်နယ် နဲ့ ပွဲမှာ ပွဲစတည်းက ပါ၀င်ရမလားဆိုတာ စ်ိတ်၀င်တစားနဲ့ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။