ရမ့်စ‌ဒေးလ်ကို ၂ ဂိုးသွင်းပြီး ပါးစပ်ပိတ်ပေးခဲ့တဲ့ ရော်နယ်ဒို

ပရီးမီးယားလိဂ် ပွဲစဉ်(၁၄)ပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ် တို့ ဒီမနက်ပိုင်းက ကစားခဲ့ရာ မန်ချက်စတာယူနိုက်တက် အသင်းက (၃)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် အတွက် ဂိုးတွေကို ရော်နယ်ဒို က (၂)ဂိုး၊ဘရူနိုဖာနန်ဒတ်စ် က (၁)ဂိုးသွင်းယူပေးခဲ့ပြီး အာဆင်နယ် အတွက် ဂိုးတွေကို စမစ်ရိုးလ်နဲ့ အိုဒီဂတ် တို့က သွင်းယူခဲ့တာပါ။ဒီပွဲမှာ (၂)သင်းလုံးဟာ တိုက်စစ်ဖွင့်ဆော့ကြလို့ ပွဲက အတော်လေးကြည့်ကောင်းခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ အာဆင်နယ် အသင်းက ဦးဆောင်ဂိုးစတင်ရခဲ့တာဖြစ်ပြီး စမစ်ရိုးလ် က ဂိုးသမား ဒီဂီယာ ဒဏ်ရာပြသနာကြောင့်လှဲနေတဲ့ အချိန်မှာ ကန်သွင်းခဲ့တာပါ။ပထမပိုင်းပြီးခါနီးမှာ ဖရက်ဒ်ရဲ့ဖန်တီးပေးမှုကနေ ဘရူနိုဖာနန်ဒတ်စ် က မန်ချက်စတာယူနိုက်တက် အတွက် ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။

အဲ့ဒါကြောင့် တဖက်(၁)ဂိုးစီ သရေနဲ့ ပထမပိုင်းပြီးဆုံးနေခဲ့တာပါ။ဒုတိယပိုင်းမှာတော့ (၂)သင်းလုံးဟာ အနိုင်ရဖို့ ပိုပြီးတိုက်စစ်ဆင်လာတာကို တွေ့ရပါတယ်။ရော်နယ်ဒို က မန်ချက်စတာယူနိုက်တက် အတွက် ဦးဆောင်ဂိုးသွင်းပြီး မကြာခင်မှာပဲ အိုဒီဂတ်က အာဆင်နယ် အတွက် ချေပဂိုးပြန်သွင်းခဲ့တာဖြစ်ပါတယ်။

ပွဲချိန်မိနစ်(၇၀)အရောက်မှာတော့ မန်ချက်စတာယူနိုက်တက် အသင်းအနိုင်ဂိုးရစေမယ့် ပင်နယ်တီ ပြစ်ဒဏ်ရရှိခဲ့ပါတယ်။ဖရက်ဒ် ကို အိုဒီဂတ် ဧရိယာထဲမှာ ပြစ်ဒဏ်ကျုးလွန်ခဲ့တာဖြစ်ပြီး ဒိုင်လူကြီးက VAR ကြည့်ပြီး ပင်နယ်တီ သတ်မှတ်ပေးခဲ့ပါတယ်။ဒီပင်နယ်တီ ကို ရော်နယ်ဒို ကပဲ အဆုံးသတ်ပေးခဲ့တာပါ။

အဲ့ဒီနောက်ပိုင်းမှာ ဘယ်သူမှ ဂိုးထပ်မသွင်းတော့တာကြောင့် မန်ချက်စတာယူနိုက်တက် အသင်းက အာဆင်နယ် အသင်းကို (၃)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ်မှာ နိုင်ပွဲပျောက်ဆုံးနေတာကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ရဲ့ကန်ချက်တွေကိုမှ ဖမ်းချင်တယ်ဆိုတဲ့ ရမ့်စဒေးလ် လည်း ဒီပွဲမှာ သူ့ရဲ့ကန်သွင်းချက်တွေကို ဖမ်းခဲ့ရပြီး သွင်းဂိုး(၂)ဂိုးပါ ခွင့်ပြုခဲ့ရတာလည်းဖြစ်ပါတယ်။

Hi