နောက်ပြန်ပေးနေတဲ့တယောက်ကတော့ နည်းပြသစ်နဲ့တွေ့ပြီလို့ အီဗရာ ပြောင်စပ်စပ်နဲ့ ပြောကြားသွား

ယူနိုက်တက် နောက်ခံလူဟောင်းကြီး အီဗရာက ရပ်ရှ်ဖို့ဒ်ရဲ့ မနေ့ညက ကစားပုံနဲ့ ပတ်သက်လို့ စိုးရိမ်နေပြီး ရန်းနစ်ဂ်နဲ့ တွေ့တော့မယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ မနေ့ညကပွဲမှာ ရော်နယ်ဒိုရဲ့ သွင်းဂိုးတဂိုးအတွက် ဖန်တီးပေးနိုင်ခဲ့ပေမယ့် ကျန်ပွဲကစားချိန်တွေမှာ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ အနည်းငယ် ရုန်းကန်ခဲ့ရတာပါ။ ဒီပွဲကို ယူနိုက်တက်ရဲ့ ယာယီနည်းပြသစ် ရန်းနစ်ဂ်လည်း လာရောက်ကြည့်ရှုခဲ့ပါတယ်။

ပွဲအပြီးမှာတော့ အီဗရာက “ရပ်ရှ်ဖို့ဒ်လို ကစားသမားမျိုးက တိုက်စစ်ကိုပိုပြီး ရှေးရှုကစားတာမျိုးကို ကျနော် လိုချင်တာပါ။ ဒါပေမယ့် သူ ဘာကြောင့် ဘောလုံးကို နောက်ပြန်ပြန်ပေးနေလဲ ကျနော် မသိပါဘူး”

“သူ စိတ်ပျက်စပြုလာပါပြီ။ ကျနော်တို့က အခုဆို ရန်းနစ်ဂ်အကြောင်းကို ပြောနေပြီး သူက ယူနိုက်တက်ကစားသမားတွေကို လှုပ်နှိုးပေးမှာပါ။ အရိုးသားဆုံး ပြောရရင် ပထမဆုံးတယောက်က ရပ်ရှ်ဖို့ဒ် ဖြစ်ပါလိမ့်မယ်”

“သူ့ဆိမှာရှိတဲ့ ပြေးအား၊ အရည်အသွေးတွေနဲ့ ဘာလို့ သူက ပြိုင်ဘက်ကို မသတ်နိုင်ရမှာလဲ? တယောက်ချင်း ရင်ဆိုင်တွေ့ချိန်မှာ ဘာလို့မကျော်ဖြတ်နိုင်ရမှာလဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်နဲ့အာဆင်နယ်ပွဲမှာတော့ ယူနိုက်တက်က ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ စမစ်ရိုးရဲ့ ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် ယူနိုက်တက်တို့ အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်၊ ရော်နယ်ဒိုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အိုးထရက်ဖို့ဒ်မှာ နိုင်ပွဲရရှိခဲ့ပါတယ်။