ရော်နယ်ဒိုလို ကစားသမားမျိုးကို သူအရင်က တခါမှမတွေ့ခဲ့ဘူးလို့ ဆိုတဲ့ ရက်ဂ်နစ်

မန်ချက်စတာယူနိုက်တက် အသင်း ယာယီနည်းပြသစ် ရက်ဂ်နစ် ကတော့ ဒီနေ့မှာပဲ အသင်းနဲ့ အတူ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ရက်ဂ်နစ် ကတော့ ရော်နယ်ဒို နဲ့ပတ်သက်ပြီး သူ့ရဲ့အစီအစဉ်ကို ပြောသွားခဲ့ပါတယ်။

ဂျာမန်လူမျိုးနည်းပြဟာ ဗီဇာအခက်အခဲကြောင့် ပဲလေ့စ် နဲ့ပွဲမှ အသင်းကို စတင်ကိုင်တွယ်နိုင်မှာပါ။ရက်ဂ်နစ် ဟာ အာဆင်နယ် ကို အနိုင်ရတဲ့ ပွဲမှာ ပွဲကြည့်စင်ပေါ်ကနေ အသင်းကို ကြည့်ရှူခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ကတော့ ဒီပွဲရဲ့ဒုတိယပိုင်းမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး ကစားသမားဘဝ သွင်းဂိုး(၈၀၁)ဂိုးဖြစ်စေမယ့် သွင်းဂိုး(၂)ဂိုးကို သွင်းယူနိုင်ခဲ့ဝာာဖြစ်ပါတယ်။ရက်ဂ်နစ် က “ခင်ဗျားရဲ့ပုံစံ ဒါမှမဟုတ် ဘောလုံးအယူအဆကို ခင်ဗျားမှာရှိတဲ့ ကစားသမားတွေနဲ့ အပြန်အလှန်လိုက်လျောညီထွေဖြစ်ဖို့ အမြဲလိုပါတယ်”

“မနေ့က အသက်(၃၆)နှစ်အရွယ်ရှိ ရော်နယ်ဒို ရဲ့ဒုတိယပိုင်းမှာတွေ့ခဲ့ရတဲ့ပုံစံက အံဩဖွယ်ကောင်းပြီး ထိပ်တန်းပရော်ဖက်ရှင်နယ်တဦးပါပဲ။သူ့လိုအသက်အရွယ်မှာ ဒီလိုကြံခိုင်တဲ့ ကစားသမားကို တခါမှမတွေ့ဖူးပါဘူး”

“သူဟာ ခြားနားမှုတွေကို အလွယ်တကူဖန်တီးနိုင်တဲ့ ကစားသမားတဦးဖြစ်နေဆဲပါပဲ။ရော်နယ်ဒိုတင်မကပဲ တသင်းလုံးကို ဘယ်လိုဖွံဖြိုးတိုးတက်အောင်လုပ်ရမလဲဆိုတာပါပဲ။ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာရှိတဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့လိဂ်မှာ ကစားနေတာပါ”

“အဲ့ဒါကြောင့် ဒီမှာရှိတဲ့ ကစားသမားတွေအားလုံးကို လိုအပ်ပါတယ်။ရော်နယ်ဒိုဆီက ကျွန်တော်မြင်တွေ့ခဲ့ရတာတော့ သူဟာ ဒီလိုလုပ်ဖို့ ဆန္ဒရှိတယ်ဆိုတာပါ။အသင်းထဲမှာလည်း ဒါကိုထည့်သွင်းဖို့ဆန္ဒရှိတယ်။သူ့အသင်းဖော်တွေလည်း ဒီလိုပဲလုပ်ရပါလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။

ရော်နယ်ဒို ဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် (၁၆)ပွဲပါဝင်ကစားထားပြီး (၁၂)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။