ရွှေဘောလုံးဆုပဲရတော့မလိုလို၊ ဘာလိုလိုနဲ့ ဒုတိယတန်းကအသင်း ကမ်းလှမ်းတာပဲ ခံနေရတဲ့ ဟာဇက်

ချဲလ်ဆီးကနေ ရီးရဲယ်မက်ဒရစ်ကို ပြောင်းရွှေ့လာခဲ့တဲ့ ဟာဇက်ဟာ လက်ရှိအချိန်မှာတော့ ပုံမှန်ပွဲထွက်ခွင့်ရဖို့ တောင် ရုန်းကန်နေရတာဖြစ်ပါတယ်။

ဟာဇက်အနေနဲ့ လန်ဒန်ကနေ မက်ဒရစ်ကို ရောက်ရှိလာချိန်က ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တယောက်အဖြစ် ပြောင်းရွှေ့လာခဲ့တာပါ။ ဒါပေမယ့် လက်တွေ့မှာတော့ ဒဏ်ရာနဲ့ ကြံ့ခိုင်မှုပြဿနာတွေကြောင့် ရုန်းကန်နေရပြီး ရီးရဲယ်မက်ဒရစ်ကလည်း ဟာဇက်ကို လက်လွှတ်ခံဖို့ ရည်ရွယ်ထားပါတယ်။

ဟာဇက်ကိုခေါ်ယူဖို့ အသင်းဟောင်း ချဲလ်ဆီးက စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။ ဒါပေမယ့် ချဲလ်ဆီးအနေနဲ့ လာမယ့်ဆောင်းရာသီမှာ ဟာဇက်ကို (၆) လအငှားစာချုပ်နဲ့ အရင်ဆုံး ခေါ်ယူဖို့သာ ကြိုးစားဖွယ်ရှိပါတယ်။

အခုချိန်မှာတော့ ဟာဇက်ရဲ့ မွေးရပ်မြေ ဘယ်လ်ဂျီယံက ဒုတိယတန်းကလပ် ကေဗွီစီဝက်စတာလိုက ဟာဇက်ကို ခေါ်ယူဖို့ ကမ်းလှမ်းလာခဲ့ပါတယ်။

အဲ့ဒီအသင်းက အားကစားဒါရိုက်တာ ဆီတင်ကာရာက ဟာဇက်နဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး ဟာဇက်ကိုခေါ်ယူဖို့ မျှော်လင့်ထားတဲ့ အကြောင်း အခုလိုပဲ ပြောကြားခဲ့ပါတယ်။

ဆီတင်ကာရာက “ဟာဇက်က ကျနော့်သူငယ်ချင်းလို့တောင် ပြောနိုင်ပါတယ်။ ကျနော်နဲ့သူနဲ့ စတွေ့တော့ သူ လိုင်လီမှာ ကစားနေတာပါ။ သူ ကျနော့်ကိုလည်း အဲ့ဒီတုန်းက ကတိပေးဖူးတယ်၊ တနေနေ့ကျ သူ ဖီနာဘာချီအတွက် ကစားပေးမယ်ဆိုပြီးတော့ပေါ့”

“အခု သူ့အတွက် ဝက်စတာလိုကို လာဖို့က ပိုခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျား ကြိုမသိနိုင်ဘူးလေ။ သူ ကျနော်တို့အသင်းကို ရောက်လာပြီး ကစားသမားဘဝကို ဒီမှာပဲ အဆုံးသတ်သွားရင်လည်း အဆုံးသတ်မှာပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။ ု ခေါ်