နည်းပြသစ်နဲ့ဆို ယူနိုက်တက်ပရိသတ်အားလုံးချစ်ရတဲ့ ဒီကစားသမားလစ်ရမယ်လို့ ခန့်မှန်းထား

နည်းပြသစ် ရန်းနစ်ဂ်လက်ထက်မှာ ဂိုးသမား ဒီဂီယာရဲ့ ယူနိုက်တက် ကစားသမားဘဝ အဆုံးသတ်သွားနိုင်တယ်လို့ ဆင်ကလဲယားက သုံးသပ်ခန့်မှန်းလာပါတယ်။

ဒီဂီယာဟာ အာဆင်နယ်နဲ့ပွဲမှာ ပေးခဲ့ရတဲ့ စမစ်ရိုးရဲ့ အဖွင့်ဂိုးအတွက် ဝေဖန်မှုတွေခံနေရပြီး ဒီအပေါ်မှာလည်း ဆင်ကလဲယားက ထောက်ခံခဲ့သေးတာပါ။

ဆင်ကလဲယားက “သူတို့တွေပြောတာမှန်ပါတယ်။ ဒီဂီယာက ဒီလောက်အထိ သတ္တိနည်းသွားတာ မယုံနိုင်စရာပဲ။ ကျနော်လည်း စိတ်ပျက်မိသလို သူ့အသင်းဖော်တွေ၊ နည်းပြတွေ၊ အသင်းဝန်ထမ်းတွေလည်း စိတ်ပျက်သွားပါလိမ့်မယ်”

“တခါတလေ ကွင်းထဲမှာ နာကျင်တာမျိုးက ခံစားရလေ့ရှိပြီး အခုဖြစ်ရပ်နဲ့တော့ လဲကျနေစရာ မလိုအပ်ပါဘူး။ စမစ်ရိုးရဲ့ ကန်ချက်က မကောင်းဘဲနဲ့ တဂိုးက နေရင်းထိုင်ရင်း ပေးလိုက်ရပါတယ်။ ရန်းနစ်ဂ်ရောက်လာချိန်မှာတော့ သူက ခံစစ်လိုင်းကို ရှေ့များများတိုးပြီး ကစားချင်ပါလိမ့်မယ်”

“ဒီဂီယာတယောက် Sweeper Keeper ပုံစံ ကစားရပါလိမ့်မယ်။ အဲ့ဒီတော့ ဒီဂီယာရဲ့အချိန်တွေ မကြာခင် ကုန်ဆုံးသွားတော့မှာပါ။ ကျနော့်အတွက်တော့ ဒါက အက်ဆစ်နဲ့ စမ်းသပ်မှုတခု သပ်သပ်ပဲ”

“ခင်ဗျား ဘယ်လောက်အထိ သဘောထားကြီးနိုင်မှာလဲ။ ရန်းနစ်ဂ်က ဒီဂီယာကို လွှတ်ချတော့မှာပါ” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိ ယူနိုက်တက်မှာရှိနေတဲ့ အဓိကဂိုးသမား ဒီဂီယာနဲ့ ဟန်ဒါဆန်တို့နှစ်ယောက်လုံးက Traditional Keeper တွေလို့ဆိုနိုင်ပြီး Sweeper Keeper တယောက်လို မကစားနိုင်တာကြောင့် ရန်းနစ်ဂ် ဒါကို ဘယ်လိုပြင်ဆင်မလဲ စောင့်ကြည့်ရတော့မှာပါ။