ဖရက်ဒ်က ညာခြေနဲ့ ဂိုးသွင်းတက်လားလို့တောင် မေးယူခဲ့ရတဲ့ ရက်ဂ်နစ်

မန်ချက်စတာယူနိုက်တက် အသင်းကတော့ မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပဲလေ့စ် အသင်းကို (၁)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ဒါဟာ ယာယီနည်းပြသစ် ရက်ဂ်နစ် လက်ထက် ပထမဆုံးကိုင်တွယ်ခဲ့တဲ့ ပွဲဖြစ်ပြီး နိုင်ပွဲရရှိခဲ့ဝာာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အတွက် တလုံးတည်းသောဂိုးကို ဖရက်ဒ်က သွင်းယူသွားခဲ့တာပါ။ဖရက်ဒ် ဟာ ဒီပွဲမှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ဝာာဖြစ်ပြီး ရက်ဂ်နစ် ရဲ့မန်ချက်စတာယူနိုက်တက် နည်းပြဘဝ ပထမဆုံးဂိုးလည်းဖြစ်ခဲ့ပါတယ်။

ဖရက်ဒ် ဟာ နည်းပြဟောင်း ဆိုးလ်ရှားလက်ထက်ထဲကနေ ကာရစ် ယာယီကိုင်တွယ်တဲ့ အချိန်မှာလည်း အသင်းရဲ့ပွဲထွက်လူစာရင်း တနေရာကို အပိုင်ရယူထားနိုင်ခဲ့သလို ရက်ဂ်နစ် လက်ထက်မှာလည်း နည်းပြ သဘောကျစေမယ့် ခြေစွမ်းကို ပြသနိုင်ခဲ့တာပါ။

ရက်ဂ်နစ် အတွက်လည်း ပရီးမီးယားလ်ိဂ်ပွဲဦးထွက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပထမဆုံးဂျာမနီလူမျိုးနည်းပြလည်းဖြစ်ခဲ့ပါတယ်။ဒီပွဲမှာ ရက်ဂ်နစ် ရဲ့တိုက်စစ်ကစားဟန်နဲ့ ဘောလုံးပိုင်ဆိုင်မှုထိန်းချုပ်နိုင်ခဲ့ဝာာကို မန်ချက်စတာယူနိုက်တက် ပရိသတ်တွေ အထူးနှစ်ခြိုက်ခဲ့တာပါ။

ရက်ဂ်နစ် ကတော့ ဖရက်ဒ် ဂိုးသွင်းတာနဲ့ ပတ်သက်ပြီး “ဒါဟာ ဖရက်ဒ်ရဲ့ညာခြေထောက်ကန်ချက်နဲ့ သွင်းတာလားလို့တောင် လက်ထောက်နည်းပြကို လှမ်းမေးလိုက်ပါသေးတယ်။သူဟာ ဘယ်ခြေထောက်နဲ့ပဲ ကန်သွင်းနိုင်တယ်ထင်တာပါ။သူ့အတွက် ကျွန်တော်ဝမ်းသာပါတယ်”လို့ ပြောခဲ့ဝာာဖြစ်ပါတယ်။

Q

ဖရက်ဒ် ဟာ ပရိသတ်တွေရဲ့ဝေဖန်မှုကို အများအပြားခံခဲ့ရတဲ့သူဖြစ်ပေမယ့် သူ့အလုပ်ကိုပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီပွဲအနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်(၂)ပွဲဆက် ပြန်လည်အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ကြားရက်မှာ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယန်းဘွိုင်းစ် အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။