၂၀၂၃ မှာ အသင်းကြီးတသင်းအတွက် ကစားမယ်လို့ အနာဂတ်နဲ့ ပတ်သက်ပြီး ပြောတဲ့ ဘတ်ပီ

ဘတ်ပီ ဟာ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး အရိပ်အမြွက်ပြောဆိုခဲ့ပေမယ့် ပရိသတ်တွေ အတွက် ပိုပြီးရှုပ်ထွေးသွားစေခဲ့ပါတယ်။ပြင်သစ် ကစားသမားဟာ ရီးရယ်လ် အသင်းကို မပြောင်းရလို့ စိတ်ပျက်မိပေမယ့် ပီအက်စ်ဂျီ အသင်းမှာ ပျော်ရွှင်နေတာဖြစ်ပါတယ်။

ရီးရယ်လ် အသင်းဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့က ဘတ်ပီ ကို ခေါ်ယူဖို့ စိတ်အားထက်သန်ခဲ့ပြီး ကမ်းလှမ်းမှု(၂)ကြိမ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ပီအက်စ်ဂျီ အသင်းကတော့ ဘတ်ပီ ကို မရောင်းချချင်တာကြောင့် ရီးရယ်လ် အသင်းရဲ့ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေကိုတောင် ပယ်ချခဲ့တာပါ။

ဘတ်ပီ နဲ့ ပီအက်စ်ဂျီ တို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုမရသေးတာဖြစ်ပါတယ်။အဲ့ဒါကြောင့် ပြင်သစ် ကစားသမားဟာ ဇန်နဝါရီမှာ အခြားအသင်းတွေနဲ့ အကြိုစာချုပ်ချုပ်လို့ရမှာဖြစ်ပါတယ်။

ဘတ်ပီ က “ကျွန်တော်ဘာလုပ်ရမလဲမသိသေးပါဘူး။လုပ်ဖို့ဆိုတာလည်း မလွယ်ပါဘူး။ဒါပေမယ့် ဘာတွေဖြစ်ဖြစ်ပါ ၂၀၂၃ မှာ အသင်းကြီး တသင်းအတွက် ကျွန်တော်ကစားမှာပါ။ထွက်ခွာလို့ မရလို့ ပထမဆုံးတော့ စိတ်ပျက်သွားမိပါတယ်”

“ဒါပေမယ့် ကျွန်တော်ဟာ တတိယတန်းမှာတော့ ကစားမှာမဟုတ်ပါဘူး။ချန်ပီယံလိဂ်ဖလားလိုချင်တဲ့ အသင်းတသင်းမှာ ရှိနေပါတယ်။ကျွန်တော်က ပဲရစ်မှာပါ။ဒီမှာ မိသားစုလည်းရှိပါတယ်။နေလို့လည်းကောင်းပါတယ်။ကျွန်တော် အခြားနေရာကိုလည်း ရှာဖွေချင်တယ်ဆိုတာ အမြဲတမ်းပြောခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဘတ်ပီရဲ့ပြင်သစ်လက်ရွေးစင် အသင်းဖော် ဘန်ဇီမာ ကတော့ ပီအက်စ်ဂျီ ကစားသမားဟာ ရီးရယ်လ် ကို ပြောင်းရွှေ့လာမှာဖြစ်တယ်လို့ ပြောထားပါတယ်။ဘတ်ပီ ဟာ ရီးရယ်လ် အသင်းကို လာကစားမှာဖြစ်ပြီး ဘယ်အချိန်လဲဆိုတာမသိပေမယ့် လာမှာပါလို့ ပြောခဲ့တာဖြစ်ပါတယ်။

ရီးရယ်လ် အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ဘတ်ပီ ကို ယူရိုသန်း(၁၆၀)၊ယူရိုသန်း(၁၈၀)နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပေမယ့် ပီအက်စ်ဂျီ အသင်းက မရောင်းချချင်တာကြောင့် ပယ်ချခဲ့တာဖြစ်ပါတယ်။