ရီးရယ်လ် စူပါစတားကို ခေါ်ယူဖို့ ကတိပေးထားတဲ့ ကလောပ့်

လီဗာပူးလ် နည်းပြ ကလောပ့် ဟာ ရီးရယ်လ် အသင်း ကွင်းလယ်ကစားသမား တိုနီကရူးစ် ကို အသင်းထံ ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ဂျာမန်လူမျိုးနည်းပြ ဟာ အသင်းရဲ့ကွင်းလယ်ကို အားကောင်းစေဖို့ တိုနီကရူးစ် ကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

အယ်လ်နေစီယွန်နယ် ကတော့ ကလောပ့် ဟာ နွေရာသီမှာ တိုနီကရူးစ် ကို ခေါ်ယူမယ်လို့ ကတိပေးထားကြောင်း ဖော်ပြခဲ့ပါတယ်။ကလောပ့် ကတော့ တိုနီကရူးစ် ကို နောက်တဆင့်တက်လှမ်းနိုင်မယ့် ကစားသမားအဖြစ် သတ်မှတ်ထားတာပါ။

တိုနီကရူးစ်နဲ့ ရီးရယ်လ် တို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၂၀၂၃)မှာ ကုန်ဆုံးမှာဖြစ်ပြီး ဒါကို လီဗာပူးလ် အသင်းက အခွင့်ကောင်းယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ဂျာမန်သားရဲ့စာချုပ်ဟာ တနှစ်ပဲကျန်တော့တာကြောင့် လီဗာပူးလ် အသင်းဟာ အဆိုပါ ကွင်းလယ်ကစားသမားကို ဈေးနည်းနည်းနဲ့ ခေါ်ယူချင်နေတာဖြစ်ပါတယ်။

ကလောပ့်ဟာ အခုနှစ်အစောပိုင်းကလည်း တိုနီကရူးစ် ကို အလွန်ချီးကျုးခဲ့ပြီး ဂျာမန်နာမည်ကြီး ကစားသမားဟောင်း ဘားနတ်ရူးစတားနဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။ချန်ပီယံလိဂ်မှာ ရှုံးခဲ့တုန်းကလည်း တိုနီကရူးစ် ကို ချီးကျူးခဲ့ပါတယ်။

ကလောပ့်က “သူဟာ ဂျာမန်ဘောလုံးလောကရဲ့အကြာရှည်ဆုံးပါရမီရှင်တွေထဲက ‌တဦးပါ။သူဟာ အရင်တည်းက အလွန်ကောင်းမွန်တဲ့ ကစားသမားပါ။ဘိုင်ယန်က သူ့ကို ခေါ်တဲ့အချိန်တုန်းက သူဟာ အလွန်ငယ်ရွယ်ပါသေးတယ်။သူဟာ လေဗာကူဆင်ကို အငှားချခံခဲ့ရပါတယ်”

“ဘိုင်ယန်မြူးနစ် ကို ပြန်ရောက်လာချိန်မှာ မယုံနိုင်အောင်ကောင်းမွန်ခဲ့ပြီး သတ္တိရှိရှိနဲ့ ရီးရယ်လ် ကို ပြောင်းရွှေ့ခဲ့ပါတယ်။သူဟာ ဂျာမနီနဲ့လည်း (၂၀၁၄)ကမ္ဘာ့ဖလားရရှိခဲ့ပါတယ်။မက်ဒရစ်မှာလည်း သူဟာ ကမ္ဘာ့အအောင်မြင်ဆုံးကလပ်အသင်းရဲ့ကစားသမားဖြစ်ခဲ့ပါတယ်”လို့ ဆိုခဲ့တာပါ။

လီဗာပူးလ် အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ ဘိုင်ယန်ကစားသမား သီယာဂို ကို ခေါ်ယူခဲ့ပါတယ်။ဒါပေမယ့် သီယာဂိုဟာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတာကြောင့် ခြေစွမ်းမပြနိုင်သေးတာဖြစ်ပါတယ်။