အူဘာမီယန်းကို အာတီတာ ရောင်းချင်နေပြီလို့ ပြောလိုက်တဲ့ ဂယ်ရီနဗီးလ်

ဂယ်ရီနဗီးလ် က အဲဗာတန် ကို အရေးနိမ့်တဲ့ပွဲအပြီးမှာ အာတီတာနဲ့ အူဘာမီယန်းတို့ အကြားမှာ ပြသနာတွေရှိနေပြီလို့ ပြောလိုက်ပါတယ်။အာဆင်နယ် အသင်းဟာ ဒီမနက်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အဲဗာတန် အသင်းကို (၂)ဂိုး-(၁)ဂိုးနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

အိုဒီဂတ် က ဦးဆောင်ဂိုးရယူခဲ့ပေမယ့် ရစ်ချာလီဆန်နဲ့ ဂရေးတို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေရယူပေးခဲ့လို့ အာဆင်နယ် အသင်းအရေးနိမ့်ခဲ့တာပါ။အဲဗာတန် အသင်းကတော့ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးတာတွေကို အဆုံးသတ်နိုင်ခဲ့ပါတယ်။အာဆင်နယ် ကတော့ (၂)ပွဲဆက်အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ခြေစွမ်းကောင်းတွေပြသဖို့ ရုန်းကန်နေရတဲ့ အူဘာမီယန်းကတော့ ဒီပွဲမှာ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရတာပါ။ဒါပေမယ့် မာတင်နယ်လီ ဒဏ်ရာပြသနာရှိနေတဲ့အချိန်မှာ အူဘာမီယန်းအစား အန်ကိတ်တီယာ ကို ပွဲချိန်(၇၁)မိနစ်မှာထည့်သွင်းခဲ့ပြီး အူဘာမီယန်းကို (၈၅)မိနစ်မှ အသုံးပြုခဲ့တာဖြစ်ပါတယ်။

ဂယ်ရီနဗီးလ် က အာတီတာနဲ့ အူဘာမီယန်းတို့ဟာ ပြသနာတွေဖန်တီးနိုင်တာ ဒါမှမဟုတ် အရင်ကရှိပြီးသားဖြစ်တဲ့ သဘောထားကွဲလွဲမှုတွေကို ပိုမိုဖြစ်စေနိုင်တယ်လို့ ယုံကြည်နေပြီး အူဘာမီယန်းသာ ထွက်ခွာသွားရင် အဆင်ပြေမယ်လို့ (၂)ဖက်လုံးက ယူဆနေတယ်လို့ ပြောခဲ့ပါတယ်။

ဂယ်ရီနဗီးလ် က “ဒီပွဲရဲ့နောက်ကွယ်မှာ အူဘာမီယန်းနဲ့ပြသနာရှိမယ်လို့ထင်ပါတယ်။အာတီတာနဲ့ အူဘာမီယန်းတို့ကြားမှာ ဒီလိုချို့ယွင်းချက်တွေအမြဲရှိတက်ပါတယ်။သူဟာ အသင်းခေါင်းဆောင်ဆိုတာသိပါတယ်။ဒါပေမယ့် သူဟာ သူ့ကိုသူထားခဲ့ပြီး ဒါဟာ အနည်းငယ်အဆင်မပြေသလိုခံစားရပါတယ်။ပြသနာတခုခုဖြစ်လာနိုင်ပါတယ်”လို့ဆိုခဲ့ပါတယ်။

အူဘာမီယန်းဟာ ဒီပွဲစဉ်ရဲ့ပွဲပြီးခါနီးမှာ အလွန်ကောင်းမွန်တဲ့ ကန်သွင်းခွင့်ရခဲ့ပေမယ့် လွဲချော်ခဲ့တာဖြစ်ပါတယ်။အူဘာမီယန်းဟာ ဒီရာသီမှာ အာဆင်နယ် အသင်းအတွက် ပြိုင်ပွဲစုံ(၁၅)ပွဲကစားထားပြီး (၇)ဂိုးသွင်းယူထားတာပါ။

အာဆင်နယ် အသင်းဟာ ဒီတပတ်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဆောက်သမ်တန် အသင်းနဲ့ယှဉ်ပြိုင်ရမှာဖြစ်ပြီး နိုင်ပွဲပြန်လည်ယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။