ဇာဗီမရောက်ခင်က နှာခေါင်းပေါ်၊ ဇာဗီရောက်ပြီးတော့ စုန်းစုန်းမြုပ်သွားတဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာ နည်းပြ ဇာဗီကို အားကိုးတကြီး ခေါ်ယူခန့်အပ်ခဲ့ပြီးနောက်မှာတော့ အခုချိန်ထိ ထင်သလို မဖြစ်လာသေးဘူးလို့ဆိုရမှာပါ။

ဘာစီလိုနာဟာ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် နောက်တဆင့်တက်ရေး အဆုံးအဖြတ်ပွဲအဖြစ် အဝေးကွင်း သွားကစားဖို့ရှိပြီး တဖက်က ဘင်ဖီကာသာ အနိုင်ရရှိခဲ့ရင် ဘာစီလိုနာအနေနဲ့ ဘိုင်ယန်မြူးနစ်နဲ့ သရေတောင် ကျလို့မရပါဘူး။

လာလီဂါမှာလည်း ဘာစီလိုနာက ရုန်းကန်နေရဆဲဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဇယားထိပ်ဆုံးက ရီးရဲယ်မက်ဒရစ်နဲ့ (၁၆) မှတ် အထိ ကွာဟသွားခဲ့ပါပြီ။

ဘာစီလိုနာဟာ ဇာဗီမရောက်လာခင်က ရီးရဲယ်မက်ဒရစ်နဲ့ ရမှတ် (၁၀) မှတ်သာ ကွာဟခဲ့တာပါ။ အဲ့ဒီနောက် ဇာဗီရောက်လာချိန်မှာ လေ့ကျင့်ခန်းမစတင်ခင် (၁) နာရီခွဲ အလိုမှာ ရောက်ရမှာအပါအဝင် သူ့အသင်းကို တင်းကျပ်တဲ့ စည်းကမ်း (၁၀) ခု ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် လေ့ကျင့်ခန်းအချိန်ကို ပုံမှန်ထက် (၂) နာရီတိုးမြှင့်ခဲ့ပြီး အားလပ်ရက်မရှိ လေ့ကျင့်ခန်းဆင်းစေခဲ့တာပါ။ တခေတ်တခါက ဘာစီလိုနာကို ဖိန့်ဖိန့်တုန်ကြောက်လန့်ခဲ့ရတဲ့ တီကီတာကာ ကစားကွက်ကိုလည်း ဇာဗီက ပြန်လည် အသက်သွင်းပေးဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသင်းကတော့ ထင်တဲ့အတိုင်းမဖြစ်လာခဲ့ဘဲ နောက်ဆုံးကစားခဲ့တဲ့ ဘက်တစ်နဲ့ လာလီဂါအိမ်ကွင်းပွဲမှာ ၀-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ကာ အခုလိုမျိုးပဲ မဟာပြိုင်ဘက်ဖြစ်တဲ့ ဇယားထိပ်ဆုံးက ရီးရဲယ်မက်ဒရစ်နဲ့ (၁၆) မှတ်အထိ ကွာဟသွားခဲ့တာဖြစ်ပါတယ်။