ရက်ဂ်နစ်အတွက် သတင်းကောင်း သယ်ဆောင်လာတဲ့ ဗာရန်း

မန်ချက်စတာယူနိုက်တက် အသင်းနောက်ခံလူ ဗာရန်းဟာ အသင်းအတွက် ပြန်ကစားပေးနိုင်ဖို့ နီးစပ်နေပြီဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ပြင်သစ်နောက်ခံလူဟာ လက်ရှိအချိန်မှာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာအောင် ကြုးစားနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက ရီးရယ်လ် အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဗာရန်းဟာ ဒဏ်ရာပြသနာတွေကြောင့် နို၀င်ဘာလအစတည်းက မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပါ၀င်ကစားနိုင်ခြင်းမရှိသေး တာဖြစ်ပါတယ်။ဗာရန်းဟာ အတ္တလန္တာနဲ့ ချန်ပီယံလိဂ်ပွဲမှာ တံကောက်ကြော ဒဏ်ရာရရှိသွားပြီးတည်း က အနားယူနေရတာပါ။

ဗာရန်း ကတော့ အသင်းကို ပြန်လည်ကူညီနိုင်ဖို့အတွက် မကြာခင်အချိန်မှာ လေ့ကျင့်ခန်းအပြည့်အ၀ဆင်းနိုင်ဖို့ မျှော်လင့်နေတယ်လို့ အသင်းတီဗီနဲ့ အင်တာဗျုးပြုလုပ်ရမှာပြောခဲ့တာဖြစ်ပါတယ်။ဗာရန်းက “ ကျွန်တော် အလုပ်ကိုကြိုးစားပြီးလုပ်နေပါတယ်။ခင်ဗျားတို့သိကြလား၊ ဘောလုံးသမားဆိုတာ ဖော်မြူလာ၀မ်းက ကားတွေလိုပဲဆိုတာကိုလေ”

“အဲဒါကြောင့်လည်း တခါတရံမှာ မော်တာကို မြှင့်တင်နိုင်ဖို့ အတွက် တခုခုကို ပြောင်းလဲနိုင်ဖို့လိုအပ် နေတာဖြစ်ပါတယ်။ဒါဟာ ကြီးမားတဲ့ခြားနားချက်၊ကြီးမားတဲ့ အပြောင်းအလဲဖြစ်တဲ့အတွက် အနည်းငယ်တော့ ပြောင်းရမယ်ထင်ပါတယ်။အလုပ်က မတူတဲ့အတွက် လိုက်လျောညီထွေဖြစ်အောင်လုပ်ရပါမယ်”

“ဒါကို သိတဲ့ အတွက်လည်း အမြန်ဆုံးပြန်လာနိုင်ဖိုအတွက် အကောင်းဆုံးဖြစ်အောင်ကြိုးစားပေးနေပါတယ်။ ဒါဟာ ကြီးမားတဲ့ အလုပ်ဆိုတာသိပေမယ့် တိုးတက်အောင်ကြိုးစားဖ်ို့ အဆင်သင့်ဖြစ်နေပါပြီ။အသင်းကို ကူညီဖို့ ပြန်လာရမှာ ဖြစ်တဲ့အတွက်လည်း အလွန်စိတ်လှုပ်ရှား”နေတယ်လို့ ဆိုခဲ့ပါတယ်။

ဗာရန်းမပါ၀င်နိုင်တဲ့ ပွဲတွေမှာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ခံစစ်ပိုင်းဟာ သိသိသာသာကို ဆိုးရွားခဲ့ပြီး လက်စတာ၊လီဗာပူးလ်၊မန်စီးတီးနဲ့ ၀က်ဖိုဒ့်အသင်းတွေကို ဂိုးပြတ်အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် နည်းပြ ဆိုးလ်ရှားကို ရာထူးက ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ကာရစ်ကိုင်တွယ်တဲ့ ပွဲတွေကစပြီး အသင်းရဲ့ရလဒ်ပိုင်းတွေဟာ ပြန်လည်ကောင်းမွန်လာခဲ့ကာ ချယ်လ်ဆီးကို သရေ၊အာဆင်နယ်နဲ့ ဗီလာရီးရယ်လ် ပွဲတွေမှာ အနိုင်ရခဲ့ပါတယ်။ ယာယီနည်းပြသစ် ရက်ဂ်နစ် ကိုင်တွယ်တဲ့ ပထမဆုံးပွဲမှာလည်း ပဲလေ့စ် ကို ပေးဂိုးမပေးရပဲ အနိုင်ရခဲ့တာဖြစ်ပါတယ်။