ဘတ်ပီသာ ရီးရယ်လ်ရောက်ရင် ဗီနီစီးယက်စ်နဲ့ သဟဇာတဖြစ်မှာလို့ ပြောလိုက်တဲ့ ကတ်စမဲရိုး

ရီးရယ်လ် အသင်း ကွင်းလယ်ကစားသမား ကတ်စမဲရိုး က ဘတ်ပီသာ အသင်းထံ ရောက်လာပြီး ဗီနီစီးယက်စ် နဲ့ တွဲဖက်ကစားမယ်ဆိုရင် လုံးဝြပီးပြည့်စုံတဲ့ အတွဲအဖက်ဖြစ်လာမယ်လို့ ပြောလိုက်ပါတယ်။ဘတ်ပီနဲ့ ရီးရယ်လ် တို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

ဘတ်ပီကို ခေါ်ယူဖို့ ရီးရယ်လ် အသင်းက ပြင်းပြင်းထန်ထန်ချိတ်ဆက်နေတာဖြစ်ပြီး ပြင်သစ်ကစားသမား ဟာ ဒီရာသီအကုန်မှာ စပိန်ကလပ်ထံရောက်ရှိနိုင်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။ဘတ်ပီ ကလည်း ပီအက်စ်ဂျီကနေ ထွက်ခွာမယ့်အကြောင်း အရိပ်အမြွက်ပြောထားတာပါ။

ကတ်စမဲရိုးက ဘတ်ပီ သာ အသင်းထံရောက်ရှိလာမယ်ဆိုရင် အသင်းအတွက်ရော ဗီနီစီးယက်စ် အတွက်ပါ အကျိုးရှိမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။အင်တာနဲ့ ကစားမယ့် ချန်ပီယံလ်ိဂ်ပွဲမတိုင်ခင် ပြုလုပ်တဲ့ အင်တာဗျုးမှာ ကတ်စမဲရိုး က “ဘတ်ပီ က ကျွန်တော်တို့ကစားသမားမဟုတ်ပါဘူး။ဒါပေမယ့် သူက အလွန်ကောင်းတဲ့ ကစားသမားပါ”

“သူဟာ ထိပ်တန်း(၃)ဦး၀င်ကစားသမားပါ။သူဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်အသင်းနဲ့ မဆိုလိုက်ဖက်မှုရှိပါတယ်။ ဗီနီစီးယက်စ်နဲ့ သူဟာ သူတို့ရဲ့ ကစားသမားဘ၀အတွက် ကောင်းမွန်တဲ့ အခိုက်တန့်မှာ ရှိနေတာဖြစ်ပါတယ်”

“သူတို့(၂)ဦးတွဲဖက်မှုဟာ သဟံဇာတဖြစ်ပါလိမ့်မယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။ဘတ်ပီ ဟာ ပီအက်စ်ဂျိင်္ အသင်းအတွက် ပြိုင်ပွဲစုံ (၁၉၂)ပွဲပါ၀င်ကစားထားပြီး (၁၄၁)ဂိုးသွင်းယူကာ (၇၄)ဂိုးဖန်တီးထားတာဖြစ်ပါတယ်။ ဗီနီစီးယက်စ် ဟာ ဒီရာသီမှာ ရီးရယ်လ် အသင်းအတွက် ခြေစွမ်းပြသနေတာပါ။

ဘရာဇီးလ် ကစားသမားဟာ ဒီရာသီမှာ ရီးရယ်လ် အသင်းအတွက် ပြိုင်ပွဲစုံ(၂၁)ပွဲပါ၀င်ကစားထားပြီး (၁၂)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ဗီနီစီးယက်စ် ဟာ ဘန်ဇီမာ နဲ့ တွဲဖက်ပြီး အကောင်းဆုံးခြေစွမ်းတွေကို ပြသနေခဲ့တာလည်းဖြစ်ပါတယ်။

Paris Saint-Germain’s French forward Kylian Mbappe (L) and Real Madrid’s Brazilian forward Vinicius Junior attend the Ballon d’Or France Football 2019 ceremony at the Chatelet Theatre in Paris on December 2, 2019. (Photo by FRANCK FIFE / AFP) (Photo by FRANCK FIFE/AFP via Getty Images)

ရီးရယ်လ် အသင်းဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေရနေတာဖြစ်ပြီး လာလီဂါပြိုင်ပွဲမှာလည်း အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း (၁၆)သင်းအဆင့် တက်နိုင်ခဲ့တာဖြစ်ပါတယ်။