ဘယ်သူမှ မလုပ်နိုင်သေးတဲ့ ရော်နယ်ဒိုရဲ့စံချိန်တခုကို ရအောင်လုပ်ပြခဲ့တဲ့ ဟော်လာ

အေဂျတ်စ် တိုက်စစ်မှူး ဟော်လာ ကတော့ စပို့တင်းလစ္စဘွန်း အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား ရော်နယ်ဒို ရဲ့စံချိန်တခုကို အမှီလိုက်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ အေဂျတ်စ် အသင်းက စပို့တင်းလစ္စဘွန်း အသင်းကို (၄)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့အုပ်စုတွင်းမှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ (၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဟော်လာ ဟာ စပို့တင်းလစ္စဘွန်းအသင်းကို အနိုင်ရတဲ့ ပွဲမှာ ဂိုးသွင်းယူပြီးနောက် ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့အုပ်စုတွင်းမှာ ပွဲတိုင်းဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒီစံချိန်ကို (၂၀၁၇-၁၈) ရာသီက ရီးရယ်လ် အသင်းမှာ ကစားခဲ့တုန်း ရော်နယ်ဒို တင်ထားတာဖြစ်ခဲ့ပါတယ်။

အခုအချိန်မှာတော့ ဟော်လာ ဟာ ရော်နယ်ဒို ရဲ့စံချိန်ကို အမှီလိုက်နိုင်ခဲ့ပြီး ပေါ်တူဂီ ကစားသမားနောက် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့အုပ်စုတွင်း ပွဲစဉ်အားလုံးမှာ ဂိုးသွင်းယူနိုင်တဲ့ ဒုတိယမြောက် ကစားသမားဖြစ်လာခဲ့တာပါ။

ဒါ့အပြင် ဟော်လာ ဟာ ချန်ပီယံလိဂ်တရာသီအတွင်း အုပ်စုအဆင့်မှာ သွင်းဂိုး(၁၀)ဂိုးနဲ့ အထက် သွင်းယူနိုင်တဲ့ (၄)ဦးမြောက်ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။အရင်က ဒီလိုသွင်းယူနိုင်ခဲ့တဲ့သူ(၃)ဦးကတော့ ရော်နယ်ဒို၊မက်ဆီနဲ့ လီဝန်ဒေါစကီး တို့ဖြစ်ပြီး အခု ဟော်လာ ကပါ သူတို့နဲ့အတူ စာရင်းဝင်သွားခဲ့တာပါ။

ဟော်လာ ဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၁၀)ဂိုးသွင်းယူထားပြီး ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ဟော်လာ ဟာ နယ်သာလန်လိဂ်ပြိုင်ပွဲမှာလည်း အေဂျတ်စ် အတွက်(၉)ဂိုးသွင်းယူထားတာဖြစ်ပြီးခြေစွမ်းပြသနေတာပါ။

ဝက်စ်ဟမ်း မှာ ကစားခဲ့တုန်းက ခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့တဲ့ ဟော်လာ ဟာ အေဂျတ်စ် အသင်းကို ရောက်ရှိချိန်မှာတော့ သူ့ရဲ့အကောင်းဆုံးခြေစွမ်းတွေကို မြင်တွေ့ရနေတာလည်းဖြစ်ပါတယ်။