ယူနိုက်တက်နဲ့ ယန်းဘွိုင်းစ် ပွဲအတွက် မိုက်ကယ်အိုဝင်လာပြီ

မိုက်ကယ်အိုဝင် ကတော့ မန်ချက်စတာယူနိုက်တက် အသင်းဟာ ယန်းဘွိုင်းစ် အသင်းကို (၂)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရမယ်လို့ ခန့်မှန်းလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဗီလာရီးရယ်လ် အသင်းကို (၂)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး အုပ်စုပထမနဲ့ (၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးနေခဲ့ပေမယ့် ချန်ပီယံလိဂ်မှာ ပုံမှန်ခြေစွမ်းတွေ ပြသပြီး လိုအပ်တဲ့ရမှတ်တွေရယူနိုင်ခဲ့တာပါ။မန်ချက်စတာယူနိုက်တက် အသင်းဟာ အုပ်စုတွင်း(၅)ပွဲကစားအပြီးမှာ (၃)ပွဲနိုင် (၁)ပွဲသရေ (၁)ပွဲရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မှာ ယန်းဘွိုင်းစ် အသင်းကို (၂)ဂိုး-(၁)ဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။ဒီပွဲမှာတော့ မိုက်ကယ်အိုဝင် က မန်ချက်စတာယူနိုက်တက် အသင်း (၂)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

မိုက်ကယ်အိုဝင်က “ယူနိုက်တက် ဟာ ယန်းဘွိုင်းစ်ကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့တာကြောင့် ဒီပွဲကို အလေးအနက်ထားပါလိမ့်မယ်။ယူနိုက်တက် အနေနဲ့ ဒီမှာ ထပ်ပြီး ချော်လဲမှာမဟုတ်ပဲ အနိုင်ရသွားမှာပါ”လို့ ပြောခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ ရက်ဂ်နစ် ကတော့ ဒီပွဲမှာ လူစာရင်း အများအပြားကို ပြောင်းလဲသွားမယ်လို့ ပြောဆိုထားပြီး ဗန်ဒိဘိခ်နဲ့ ဒိန်းဟန်ဒါဆန် တို့ကို ပွဲထွက်စာရင်းမှာ အသုံးပြုမယ်လို့ ပြောထားပါတယ်။

ရက်ဂ်နစ် ပထမဆုံးကိုင်တွယ်တဲ့ ပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းဟာ ပဲလေ့စ် ကို (၁)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။