ငါ့ကိုလာမရှုပ်နဲ့ကွာဆိုပြီး ဂိုးသမားတွေပါ လူစားလဲပြလိုက်တဲ့ ရန်းနစ်ဂ်

မနေ့ညက ကစားခဲ့တဲ့ ယန်းဘွိုင်းစ်နဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲမှာ ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်က အဓိကကျတဲ့ စီနီယာကစားသမား အကုန်လုံးကို အနားပေးပြီး အရံကစားသမားတွေ၊ လူငယ်ကစားသမားတွေကို ပွဲထုတ်ခဲ့ပါတယ်။

အရံခုံမှာ အကယ်ဒမီထွက် ကစားသမားတွေကို မိတ်ဆက်ပေးခဲ့ပြီး အီလန်ဂါ၊ ရှိုတိုင်းရား၊ မန်ဂီ၊ အစ်ဇ်ဘယ်လ်၊ ချာလီဆားဗေ့ချ်တို့လည်း ကစားခွင့်ရရှိခဲ့ပါတယ်။

အထူးသဖြင့် ရန်းနစ်ဂ်က ဒုတိယပိုင်းမှာ ဂိုးသမားပါ လူစားလဲခဲ့တာဖြစ်ပြီး ဒီပွဲမှာ ပွဲထွက်လာတဲ့ ဟန်ဒါဆန်အစား တတိယဂိုးသမား တွမ်ဟီတန်ကို အသုံးပြုခဲ့တာပါ။

တွမ်ဟီတန်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ ယူနိုက်တက်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီပွဲက သူ့အတွက် ယူနိုက်တက်ကစားသမားဘဝ ပွဲဦးထွက်ဖြစ်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ပွဲစဥ်တပွဲဖြစ်ပေမယ့် အုပ်စုပထမနေရာ သေချာပြီးဖြစ်တာကြောင့် ရန်းနစ်ဂ်က ဒီပွဲကို ခြေစမ်းပွဲလို ကစားစေခဲ့ပြီး ယူနိုက်တက်ပရိသတ်တွေကလည်း ရန်းနစ်ဂ်ရဲ့ လူထုတ်ပုံအပြင် တွမ်ဟီတန်ကိုပါ ကစားခွင့်ပေးတဲ့အပေါ် ကျေနပ်အားရနေကြပါတယ်။

အသက် (၃၅) နှစ်ရှိပြီဖြစ်တဲ့ တွမ်ဟီတန်ဟာ ယူနိုက်တက် လူငယ် ကစားသမားတယောက်ဖြစ်ခဲ့ဖူးပေမယ့် အခုပွဲမှသာ ို ကစားခ်းပနေရာ သေချာပြီးဖြစ်တာကြောင့် စီနီယာကစားသမားဘဝ ယူနိုက်တက်အတွက် ပထမဆုံးပွဲထွက်ခွင့်ရရှိခဲ့တာပါ။

ပရိသတ်တယောက်က “ချစ်ဖို့ကောင်းတဲ့ရန်းနစ်ဂ်ရဲ့ လုပ်ရပ်ပါပဲ။ တွမ်ဟီတန်က သူ ကစားခဲ့တဲ့အသင်းတိုင်းအတွက် အကောင်းဆုံး ပေးဆပ်နိုင်ခဲ့သူပါ”

“တွမ်ဟီတန်ချစ်ရတဲ့ အသင်းတသင်းအတွက် ဒီလိုမျိုး ကစားခွင့်ပေးတာက တကယ်ကို ချစ်ဖို့ကောင်းပြီး အဆင့်အတန်းမြင့်မားတဲ့လုပ်ရပ်ပါပဲ” လို့ ဆိုရှယ်မီဒီယာပေါ်မှာ မှတ်ချက်ပေးသွားခဲ့ပါတယ်။