လိဒ်စ်ကို သစ္စာစောင့်သိမှုနဲ့ ယူနိုက်တက် ကို ငြင်းပြီး သူ့ပြိုင်ဘက်ကို ပြောင်းမယ့် ကယ်လ်ဗင် ဖိလစ်

လိဒ်စ် အသင်း ကွင်းလယ်ကစားသမား ကယ်လ်ဗင်ဖိလစ် ဟာ မန်ချက်စတာယူနိုက်တက် အသင်းကို ငြင်းပယ်ပြီး လီဗာပူးလ် အသင်းကို နွေရာသီမှာ ပြောင်းဖွယ်ရှိတယ်လို့ The Sun က ဖော်ပြပါတယ်။မန်ချက် စတာယူနိုက်တက် အသင်းဟာ အသင်းရဲ့ ကွင်းလယ်ကိုအားဖြည့်ဖို့ လိဒ်စ်ကစားသမားကို ခေါ်ယူဖို့ ပစ်မှတ် ထားနေတာဖြစ်ပါတယ်။

ယူရို(၂၀၂၀) ပြိုင်ပွဲမှာ အင်္ဂလန်အတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ ကယ်လ်ဗင်ိဖိလစ် ကို ခေါ်ယူဖို့့ လီဗာပူးလ် အသင်းနည်းပြ ကလောပ့်ကလည်း စိတ်အားထက်သန်နေတာပါ။ကယ်လ်ဗင်ဖိလစ် ကတော့ လိဒ်စ် ကို သစ္စာ စောင့်သိတဲ့အတွက် လိဒ်စ်ရဲ့ခါးသီးပြိုင်ဘက်ကို မပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။

ကယ်လ်ဗင်ဖိလစ် ဟာ လိဒ်စ် ပရိသတ်တွေကို စိတ်အနှောက်အယှက်မဖြစ်စေဖို့နဲ့ ကလပ်မှာ သူ့ရဲ့ အဆင့်အတန်းကို ထိခိုက်လိုခြင်းမရှိတာကြောင့် အိုးထရက်ဖိုဒ့်ကို ပြောင်းဖို့ ဆန္ဓမရှ်ိဘူးလို့ SunSport က ဖော်ပြခဲ့ပါတယ်။

အင်္ဂလန်ကစားသမားဟာ သူ့ရဲ့ကစားသမားဘ၀ ပိ်ုမိုတိုးတက်စေဖို့အတွက် မန်ချက်စတာယူနိုက်တက် ကို ပြောင်းရွှေ့မယ့် အစား အန်ဖီးလ်ကို ပြောင်းရွှေ့ဖို့ကို ပိုမိုလက်ခံဖွယ်ရှိနေတာဖြစ်ပါတယ်။ကယ်လ်ဗင်ဖိလစ် ဟာ အသက်(၁၄)နှစ်အရွယ်ထဲက လိဒ်စ် အသင်းကို ရောက်ရှိလာခဲ့တာပါ။

လိဒ်စ်အသင်းရဲ့ ပံပိုးမှုတွေနဲ့ အင်္ဂလန်ကစားသမားဟာ ခြေစွမ်းပိုင်း ထက်မြက်နေခဲ့တာလည်းဖြစ်ပါတယ်။ ကယ်လ်ဗင်ဖိလစ် ဟာ (၂၀၁၄)ထဲက လိဒ်စ် အသင်းအတွက် ပွဲထွက်ခွင့်စတင်ရရှိခဲ့တာဖြစ်ပြီး ပွဲပေါင်း (၂၂၆)ပွဲ ပါ၀င်ကစားထားတာဖြစ်ပါတယ်။

ကယ်လ်ဗင်ဖိလစ် ဟာ ခရူဝီ အသင်းကို အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလားပွဲမှာ လိဒ်စ် အသင်းကို အသင်းခေါင်းဆောင် အဖြစ် တာ၀န်ယူခဲ့ရတာလည်းဖြစ်ပါတယ်။ကယ်လ်ဗင်ဖိလစ် ဟာ ဘရန်ဖိုဒ့် အသင်း နဲ့ တဖက်(၂)ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် နှစ်သစ်အထိအနားယူရမှာလည်းဖြစ်ပါတယ်။

လိဒ်စ်အသင်းနည်းပြ ဘီယယ်ဆာ ကတော့ ကယ်လ်ဗင်ဖိလစ်ရဲ့ ဒဏ်ရာအခြေအနေကို အတည်မပြုနိုင်ပေမယ့် ဒေးလီးမေးလ် ကတော့ ကစားသမားဟာ တံကောက်ကြောဒဏ်ရာကြောင့် ဖေဖော်ဝါရီအထိ အနားယူရမယ်လို့ ဖော်ပြခဲ့ပါတယ်။