ဂိုးတွေသွင်းရတာက လိင်ကိစ္စထက်တောင် ပိုကောင်းတယ်လို့ ပြောလိုက်တဲ့ ဂယ်ရီလိုင်နီကာ

အင်္ဂလန်လက်ရွေးစင်အတွက် (၄၈)ဂိုးသွင်းယူခဲ့တဲ့ စပါးကြယ်ပွင့်ဟောင်း ဂယ်ရီလိုင်နီကာ က သူကြည့်ရတဲ့ ဂိုး(၁)ဂိုးက သူ့ကို အဆုံးစွန်ဆုံး ပျော်ရွှင်မှုဖြစ်စေခဲ့တယ်ိလို့ ပြောလိုက်ပါတယ်။အသက်(၆၁)နှစ် အရွယ်ရှိ ဂယ်ရီလိုင်နီကာ ဟာ (၁၉၉၄)ခုနှစ်က ကစားသမားဘ၀ကနေ အနားယူခဲ့တာဖြစ်ပါတယ်။

ဂယ်ရီလိုင်နီကာ က “ဘယ်တော့မှ အစားထိုးလို့မရတဲ့ တခုတည်းသော အရာကတော့ ကြီးမားတဲ့ သွင်းဂိုး သွင်းယူခြင်းပါပဲ။ဂိုးသွင်းယူခဲ့တာဟာ လိင်ကိစ္စထက်ပိုကောင်းလားလို့ လူတွေက မိုက်မဲစွာ သုံးနှုန်းကြပါတယ်။ဒါဟာ ခင်ဗျားတို့လိုချင်တဲ့ အချိန်တိုင်းမရနိုင်ပါဘူး”

“ဒါပေမယ့် တချိန်ချိန်မှာ လိင်ဆက်ဆံတော့မယ်ဆိုတာက်ို ခင်ဗျားတို့ သိနိုင်ပါတယ်။ဘယ်တော့ဂိုးပြန်သွင်းနိုင် ဦးမလဲဆိုတာ ခင်ဗျားတိ်ု့သိနိုင်မှာမဟုတ်ပါဘူး”လို့ ဆိုပါတယ်။ဂယ်ရီလိုင်နီကာ ဟာ ပြီးခဲ့တဲ့ မေလက သူ့ရဲ့ ငယ်ဘ၀ကလပ် လက်စတာ အသင်း အက်ဖ်အေဖလားဗိုလ်လုပွဲမှာ အနိုင်ရပြီးနောက် ပျော်ရွှင်နေခဲ့တာပါ။

ဂယ်ရီလိုင်နီကာ က “အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ လက်စတာ အသင်း ဂိုးသွင်းတာက လိင်ကိစ္စထက်တောင် ပိုပြီးကောင်းပါတယ်။ဒီလိုမျိုးက ပိုကြာရှည်သလို ကြည်နူးမှုကလည်း ပိုပြီး ကြာရှည်ပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ဂယ်ရီိလိုင်နီကာ ဟာ လက်စတာ အသင်းမှာ လူငယ်ကစားသမားဘ၀ စတင်ခဲ့တာဖြစ်ပြီး အသင်းကြီးအတွက် (၁၉၇၈) ကနေ (၁၉၈၅)အထိ ကစားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာ ဂယ်ရီလိုင်နီကာ ဟာ အဲဗာတန်၊ဘာစီလိုနာ၊စပါးနဲ့ နာဂိုယာဂရမ်းပတ်စ် အသင်းတွေမှာ ကစားခဲ့တာပါ။ဂယ်ရီလိင်နီကာ ဟာ ကစားသမားဘ၀မှာ အဲဗာတန်နဲ့ ချာရတီဒိုင်း၊ဘာစီလိုနာနဲ့ ကိုပါဒယ်ရေး၊ဥရောပဖလား၊စပါး အသင်းနဲ့ အက်ဖ်အေဖလားတို့ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဂယ်ရီလိုင်နီကာ ဟာ အင်္ဂလန်လက်ရွေးစင် အသင်းနဲ့ (၁၉၉၀) ကမ္ဘာ့ဖလားပြိုင်ပွဲ စတုတ္တနေရာရရှိခဲ့ပါတယ်။ဂယ်ရီလိုင်နီကာ ဟာ ကစားသမားဘ၀မှာ ဘော်လွန်းဒီအော ဒုတိယနေရာ အပါအ၀င် တဦးချင်းဆုတံဆိပ်အများအပြားကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။