ဘာစီလိုနာ နဲ့ ကစားရတာကို ချစ်မြတ်နိုးနေတဲ့ သော်မတ်စ်မူလာ

ဘိုင်ယန်မြူးနစ် ကစားသမား သော်မတ်စ်မူလာ ကတော့ ဘာစီလိုနာ နဲ့ ကစားရတာကို ချစ်မြတ်နိုးတယ်လို့ သူ့ရဲ့တွစ်တာအကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ဂျာမန်ကစားသမားဟာ ဘာစီလိုနာ နဲ့ ကစားတိုင်း သွင်းဂိုးတွေသွင်းယူနိုင်တာဖြစ်ပါတယ်။

မနေ့က ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ် အသင်းက ဘာစီလိုနာ အသင်းကို (၃)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာဆိုရင် သော်မတ်စ်မူလာ ဟာ ခြေစွမ်းပြပြီး (၁)ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာ အသင်းဟာလည်း ဒီပွဲအရှုံးကြောင့် ယူရိုပါလိဂ်ကို ဆင်းပြီး ကစားရတော့မှာပါ။

သော်မတ်စ်မူလာ ဟာ ဘာစီလိုနာ အသင်းဘက်ကို ဂိုးအများဆုံးသွင်းတဲ့သူဖြစ်ပြီး (၇)ပွဲကစားထားရာမှာ (၈)ဂိုးအထိ သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါကို FC Bayern Us က တင်ထားခဲ့တာကို သော်မတ်စ်မူလာ က ဘာစီလိုနာ နဲ့ ကစားရတာကို ချစ်မြတ်နိုးတယ်ဆိုတဲ့ စာသားရေးပြီး သူ့ရဲ့တွစ်တာမှာ ပြန်လည်မျှဝေခဲ့တာဖြစ်ပါတယ်။

ဂျာမန်ကစားသမားဟာ လီဝန်ဒေါစကီး ဘောလွန်းဒီအောဆု မရခဲ့တာကြောင့် ဘာစီလိုနာ နဲ့ ကစားမယ့် ပွဲမှာ ပေါက်ကွဲပြမယ်လို့ ပြောထားတာဖြစ်ပြီး ပြောတဲ့ အတိုင်းလည်း ဒီပွဲမှာ ခြေစွမ်းပြ ဂိုးသွင်းယူနိုင်ခဲ့တာပါ။

ဘာစီလိုနာ ကတော့ (၂၁)နှစ်အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရတာဖြစ်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲကို (၁၇)နှစ် အကြာမှ ပထမဆုံးအကြိမ် ယှဉ်ပြိုင်ရတော့မှာ လည်းဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းနည်းပြ ဇာဗီ က ဒီပွဲအပြီးမှာ ဘာစီလိုနာ အသင်းဟာ ခေတ်အသစ်ကို ဇီးရိုးကနေ စတင်ရတော့မယ်လို့လည်း ပြောသွားခဲ့တာဖြစ်ပါတယ်။