ချယ်လ်ဆီးနဲ့လီဗာပူးလ်ကိုတောင်သမထားတာ၊ ဘာကာကိုကြောက်စရာလားဆိုတဲ့ မိုယက်စ်

‌ဒေးဗစ်မိုယက်စ် က ဝက်စ်ဟမ်း အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာကိုလည်း ကြောကနေမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ဝက်စ်ဟမ်း အသင်းဟာ ဒီရာသီမှာ ဥရောပချန်ပီယံ အသင်းတွေကို အနိုင်ယူခဲ့တာကြောင့် ဒေးဗစ်မိုယက်စ်က အခုလိုပြောခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဟမ်း အသင်းဟာ ဒီ‌နေ့မနက်ပ်ိုင်းက ဒိုင်နမိုဇာဂရက် အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ လူငယ်ကစားသမားအများအပြားကို အသုံးပြုပြိး (၁)ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဝက်စ်ဟမ်း အသင်းဟာ အုပ်စုပထမနဲ့ (၃၂)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဟမ်း အသင်းဟာ ဒီရာသီမှာ ဥရောပချန်ပီယံ ချယ်လ်ဆီး၊လီဗာပူးလ်၊မန်စီးတီးနဲ့မန်ချက်စတာယူနိုက်တက် အသင်းတို့ကိုလည်း အနိုင်ယူထားတာပါ။ဝက်စ်ဟမ်း အသင်းဟာ ယူရိုပါလိဂ်နောက်တဆင့်မှာတော့ ချန်ပီယံလိဂ်ကနေ ဆင်းလာတဲ့ ဘာစီလိုနာ၊ဆီဗီလာ၊ပေါ်တို စတဲ့ အသင်းတွေနဲ့ တွေ့ဆုံရဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။

ဒေးဗစ်မိုယက်စ် က ” ကျွန်တော်တို့ဟာ အသင်းကြီးအများအပြားနဲ့ ရင်ဆိုင်ရဖို့ ရှိပေမယ့် လက်ရှိအချိန်မှာ ကျွန်တော်တို့ကလည်း အသင်းကြီးတသင်းပဲလို့ ထင်ပါတယ်။အသင်းအများအပြားကလည်း ကျွန်တော်တို့နဲ့ ကစားရမှာကိုစိုးရိမ်နေပါလိမ့်မယ်”

“ပွဲစဉ်တွေ ထွက်ပေါ်လာတဲ့ အချိန်မှာ ကျွန်တော်တို့ ဟာ ပုံစံကောင်းတွေရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။အသင်းနာမည်တွေကို ကြည့်လိုက်မယ်ဆိုရင် ဒီပြိုင်ပွဲက အတော်လေးခက်သွားမှာပါ။ချန်ပီယံလိဂ်ကနေ ရောက်လာတဲ့ အသင်းတွေဟာ ဗိုလ်လုပွဲကို သွားနိုင်မယ့် အသင်းတွေပါပဲ”

“ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ ချန်ပီယံလိဂ်ရတဲ့သူတွေ၊ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်တဲ့သူတွေကို အနိုင်ရထားပါတယ်။အဲ့ဒါကြောင့် သူတို့ကိုလည်း ပွဲကောင်း တပွဲပေးနိုင်မယ်လို့ ကျွန်တော်ထင်ကြောင်း”ပြောခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဟမ်း အသင်းဟာ ဒီရာသီမှာ ခြေစွမ်းကောင်းတွေကို ပြသနေတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာလည်း အဆင့်(၄)နေရာအထိ ရောက်ရှိနေတာဖြစ်ပါတယ်။