ရော်နယ်ဒိုကိုတောင် ကျော်ပြီး (၁၀) စုနှစ်ရဲ့ အကောင်းဆုံးအပြောင်းအရွှေ့ဖြစ်ခဲ့တဲ့ ကစားသမား

ကွင်းလယ်လူ တိုနီကရူးစ်ကို ရီးရဲယ်မက်ဒရစ်တို့ ခေါ်ယူလိုက်မှုက (၁၀) စုနှစ်တခုအတွင်း အကောင်းဆုံး ကစားသမားခေါ်ယူမှုဖြစ်တယ်လို့ ပီရက်ဇ်ကိုယ်တိုင်က ယုံကြည်နေကြောင်း အေးဂျင့်ကဆိုလာပါတယ်။

ဗော့စထရုသ်က ဒီစကားကို ပြောကြားခဲ့တာဖြစ်ပြီး တိုနီကရူးစ်ဟာ ပြီးခဲ့တဲ့ (၂၀၁၄) မှာ ဘိုင်ယန်မြူးနစ်ကနေ ရီးရဲယ်မက်ဒရစ်ကို ပြောင်းရွှေ့လာခဲ့တာပါ။

ဒီမတိုင်ခင်က တိုနီကရူးစ်အနေနဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သေးပေမယ့် အဲ့ဒီအချိန်က ယူနိုက်တက်ကို တိုနီကရူးစ်နဲ့ အဆင်မပြေတဲ့ နည်းပြ ဗန်ဟားလ် ရောက်ရှိလာတာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရတာပါ။

ရီးရဲယ်မက်ဒရစ်ဟာ အဲ့ဒီ (၁၀) စုနှစ်အတွင်းမှာပဲ ရော်နယ်ဒိုကို ယူနိုက်တက်ကနေ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့သေးပြီး ပီရက်ဇ်ကတော့ ရော်နယ်ဒိုကို ကျော်ကာ တိုနီကရူးစ်ကိုသာ ရွေးချယ်ခဲ့ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ စထရုသ်က “ပီရက်ဇ်က ထိပ်တန်းပုံပြင်တပုဒ်ရဲ့ မယုံနိုင်စရာ ကောင်းမွန်နေတဲ့ လူသားတယောက်ပါ။ သူက စွန့်ဦးတီထွင်နိုင်တဲ့သူတယောက်ပါ”

“ဒါပေမယ့် လူသားတယောက်အဖြစ်လည်း ရှိနေဆဲပါပဲ။ ရီးရဲယ်မက်ဒရစ်အတွက် တိုနီကရူးစ်က (၁၀) နှစ်တခုရဲ့ အကောင်းဆုံး ခေါ်ယူမှုဖြစ်တဲ့အကြောင်းရင်းကိုလည်း ပီရက်ဇ်က ကျနော့်ကို ရှင်းပြခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

တိုနီကရူးစ်က ကစားသမားဘဝ နေဝင်ချိန်နဲ့ နီးကပ်လာသည့်တိုင် အကောင်းဆုံးခြေစွမ်းတွေကို ပြသနေဆဲဖြစ်ပြီး ရီးရဲယ်မက်ဒရစ်နဲ့ ဒီတကြိမ် စာချုပ်သက်တမ်းတိုးပြီးရင်တော့ မက်ဒရစ်မြို့မှာပဲြ အနားယူသွားဖို့ စီစဥ်ထားတယ်လို့ သိရှိရပါတယ်။