ချန်ပီယံလိဂ်ကလည်းထွက်ရ အဓိက ကစားသမား ၂ဦးကိုလည်း လက်လွှတ်ရမယ့် ဘာကာ

ဘာစီလိုနာ အသင်းဟာ ဘိုင်ယန်မြူးနစ် ကို အရေးနိမ့်ပြီး ချန်ပီယံလိဂ်က ထွက်ခဲ့ရသလို အသင်းရဲ့အဓိက ကစားသမား(၂)ဦးကိုလည်း ဒဏ်ရာကြောင့် လက်လွှတ်ရတော့မှာဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းရဲ့အဓိက ကစား သမား(၂)ဦးဖြစ်တဲ့ အယ်လ်ဘာနဲ့ ဒီပိုင်းတို့ဟာ ဒီပွဲမှာ ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။အယ်လ်ဘာ ဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၃၁)မိနစ်မှာတည်းက ဒဏ်ရာရရှိသွားခဲ့တာပါ။အဲ့ဒါကြောင့် မီဂွဲယ်လ်ဇာ နဲ့ လူစားလဲခဲ့ရတာဖြစ်ပါတယ်။

အယ်လ်ဘာ ထွက်ခွာပြီးနောက်မှာ ဘိုင်ယန်မြူးနစ် အသင်းက ဦးဆောင်ဂိုးရရှိသွားခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာ အသင်းကတော့ ကစားသမားရဲ့ဒဏ်ရာအခြေအနေကို စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ တံကောက်ကြောဒဏ်ရာရရှိသွားခဲ့တယ်လို့ အတည်ပြုခဲ့တာပါ။

ဒီပိုင်းဟာ ဒီပွဲမှာ ပွဲချိန်ပြည့်ကစားသွားခဲ့ပေမယ့် ဒဏ်ရာပြသနာရှိခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာ အသင်းကတော့ အဆိုပါ ကစားသမား(၂)ဦး ဘယ်အချိန်ပြန်ကစားနိုင်မလဲဆိုတာကို သတ်မှတ်ထားခြင်းမရှိတာဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ သူတို့(၂)ဦး တိုးတက်မှုရရှိဖို့ စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ပြောကြားခဲ့တာကြောင့် အခုတပတ်ကစားမယ့် အို‌ဆာဆူနာနဲ့ လာလီဂါ ပွဲစဉ်ကို လွဲချော်ဖို့ သေချာနေတာလည်းဖြစ်ပါတယ်။

ရလဒ်ပိုင်းတွေဆိုးရွားနေတဲ့ ဘာစီလိုနာ အတွက်တော့ ဒါဟာ သတင်းဆိုးလည်းဖြစ်ခဲ့တာပါ။ဘာစီလိုနာ အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ဘက်တစ် ကို အရေးနိမ့်ထားခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း ဘိုင်ယန်မြူးနစ် ကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ ချန်ပီယံလိဂ်က ထွက်ခဲ့ရတာကြောင့် နှစ်ပေါင်း(၁၇)နှစ်အကြာမှ ပထမဆုံးအကြိမ် ယူရိုပါလိဂ်ပြိုင်ပွဲကို ဆင်းကစားရတော့မှာလည်းဖြစ်ပါတယ်။