ဘူရီယမ်မှာပဲ ဆက်ကစားချင်တယ်လို့ ဆိုလိုက်တဲ့ အောင်သူ

ထိုင်းလိဂ်ကလပ် ဘူရီယမ် အသင်းမှာ ကစားနေတဲ့ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူကတော့ ဒီအသင်းမှာပဲ ဆက်ကစားချင်တယ်လို့ ပြောလိုက်ပါတယ်။အောင်သူဟာ ပြီးခဲ့တဲ့နှစ်က မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံ အသင်းကနေ ဘူရီယမ် အသင်းကို အပြီးသတ်ပြောင်းခဲ့တာဖြစ်ပါတယ်။

အောင်သူဟာ အခုနောက်ပိုင်း ပွဲတွေမှာ ဘူရီယမ် အသင်းအတွက် ပွဲကစားခွင့်ရလာပြီး အသင်းဖော်တွေနဲ့ အတွဲဖက်ညီစွာ ခြေစွမ်းပြသနေတာလည်းဖြစ်ပါတယ်။အောင်သူ ဟာ ဘူရီယမ် အသင်းအတွက် (၁၉)ပွဲပါဝင်ကစားထားပြီး (၄)ဂိုးသွင်းယူထားတာပါ။

ဒါပေမယ့် အောင်သူကို ပွဲထွက်ခွင့်ပေးနေတဲ့ နည်းပြဟာ အသင်းကနေ ထွက်ခွာသွားပြီးနောက် နည်းပြသစ် လက်ထက်မှာ ကစားသမားရဲ့ ပွဲထွက်ခွင့်ဟာ မရေမရာဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေတာလည်းဖြစ်ပါတယ်။

ဘူရီယမ် အသင်းပိုင်ရှင်နဲ့ ကစားသမားအချို့တွေ့ဆုံခဲ့ရာမှာ အောင်သူလည်း ပါဝင်ခဲ့ပြီး ဒီဗီဒီယိုဖိုင် ကို အသင်းရဲ့Youtube မှာ တင်ထားခဲ့တာဖြစ်ပါတယ်။ဒီဗီဒီယိုဖိုင်မှာ အောင်သူကို အသင်းမှာ ဆက်နေမလား အခြားအသင်းကို ပြောင်းမလားဆိုပြီး မေးခဲ့တာပါ။

ဒီအချိန်မှာ အောင်သူ က ဒီမှာပဲ ဆက်နေမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ဒီအချိန်မှာ အသင်းပိုင်ရှင် က အောင်သူရဲ့ခေါင်းကို ပုတ်ပြီး ဆက်နေလို့ ပြောသွားခဲ့ကာ အားလုံးကို သဘောကျစရာဖြစ်ခဲ့ပါတယ်။

ဘူရီယမ် အသင်းဟာ လက်ရှိထိုင်းလိဂ်ပြိုင်ပွဲရဲ့အဆင့်(၁)နေရာမှာ ရပ်တည်နေပြီး ဒုတိယနေရာက ဘန်ကောက်ယူနိုက်တက် အသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားကြောင့် အမှတ်ပေးဇယားကို ဦးဆောင်နေတာလည်းဖြစ်ပါတယ်။

အောင်သူဟာ လက်ရှိကျင်းပနေတဲ့ အာဆီယံဆူဇူကီး ဖလားပြိုင်ပွဲမှာ ဇော်မင်းထွန်း၊ကျော်ကိုကို တို့နဲ့ အတူ မြန်မာ့လက်ရွေးစင် အသင်းအတွက် ဝင်ရောက်မကစားတာလည်းဖြစ်ပါတယ်။