ချယ်လ်ဆီး ရဲ့အထက်မှာ ဘယ်သူမရှိဘူးဆိုပြီး ရူဒီဂါ ကို သတိပေးလိုက်တဲ့ တူချယ်လ်

ချယ်လ်ဆီး နည်းပြ တူချယ်လ် ကတော့ အသင်းရဲ့အထက်မှာ ဘယ်သူမှ ပိုကြီးလို့ မရဘူးဆိုပြီး နောက်ခံလူ ရူဒီဂါ ကို သတိပေးလိုက်ပါတယ်။ရူဒီဂါနဲ့ ချယ်လ်ဆီး တို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဂျာမန် ကစားသမားဟာ အခုနွေရာသီမှာ အသင်းကနေ အလွတ်နဲ့ ထွက်ခွာဖို့ သေချာနေတာလည်းဖြစ်ပါတယ်။ရူဒီဂါ ကို ခေါ်ယူဖို့ ဥရောပအသင်းကြီးအများအပြားက ပစ်မှတ်ထားနေတာပါ။အသက်(၂၈)နှစ်အရွယ် ကစားသမားဟာ ဇန်နဝါရီမှာ အခြားအသင်းတွေနဲ့ လွတ်လပ်စွာဆွေးနွေးလို့ ရမှာဖြစ်ပါတယ်။

ရူဒီဂါ ဟာ ချယ်လ်ဆီး အသင်းမှာ လက်ရှိလုပ်ခ ပေါင်(၉)သောင်း ရနေတာဖြစ်ပြီး ဒီထက် (၂)ဆကျော်ဖြစ်တဲ့ ပေါင်(၂)သိန်းတောင်းဆိုထားတာပါ။ဒါပေမယ့် ရူဒီဂါ အနေနဲ့ အခြားအသင်းတွေထံ ပြောင်းရင် တပတ်လုပ်ခ ပေါင်(၄)သိန်းနီးပါး ရမှာဖြစ်ပြီး သူ့ကို ကမ္ဘာပေါ်မှာ လုပ်ခလစာအများဆုံးနောက်ခံလူဖြစ်လာနိုင်တာဖြစ်ပါတယ်။

ချယ်လ်ဆီး အသင်းက သူ့ကို တပတ်လုပ်ခပေါင်(၁သိန်း၄သောင်း)နဲ့ ကမ်းလှမ်းထားတာဖြစ်ပြီး ဩဂုတ်လတည်းက ကမ်းလှမ်းမှုအသစ်တွေ မလုပ်နိုင်သေးတာပါ။တူချယ်လ် ကတော့ ရူဒီဂါ ဟာ ကလပ်အသင်းမှာ အရေးပါတဲ့သူဖြစ်ပေမယ့် အသင်းက ပထမဦးစားပေးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ရူဒီဂါ က “ဒါက အလွန်အရေးကြီးတယ်ဆိုတာ ကျွန်တော်နားလည်သလို ကျွန်တော့်အတွက်ရော အခြားသူတွေအတွက်ပါ အရေးကြီးတာကို လက်ခံပါတယ်။တိုနီရဲ့အရေးပါမှုကို ကျွန်တော်တို့ အပြည့်အဝသိပါတယ်။ကွင်းထဲမှာရော ကွင်းပြင်ပမှာ သူကစားနေတဲ့ အခန်းကဏ္ဍတွေနဲ့ ပတ်သက်ပြီး သံသယမရှိပါဘူး”

“အသင်းတသင်းထက် ဘယ်သူကမှပိုပြီးအရေးမကြီးဘူးဆိုတာအမှန်ပါပဲ။ဒါက အသင်းကြိုးစားမှု၊အသင်းလိုက်ကစားတက်မှုနဲ့ တောင့်တင်းတဲ့အသင်းဖြစ်ပြီး ဒါဟာ ကလပ်နဲ့လည်းဆိုင်ပါတယ်။ဒါဟာ ကျွန်တော့်အကြောင်းလည်းမဟုတ်သလို တိုနီနဲ့လည်း မသက်ဆိုင်ပါဘူး”

“အဆုံးမှာ စိတ်ရှည်ဖို့လိုပါတယ်။လောလောဆယ်တော့ ဒါနဲ့ပတ်သက်ပြီး သတင်းအသစ်ပေးစရာမရှိသေးပါဘူး”လို့ ပြောခဲ့တာပါ။ရူဒီဂါ ကို ခေါ်ယူဖို့ ရီးရယ်လ် အသင်းက ဦးဆောင်နေတာဖြစ်ပြီး ဘိုင်ယန်၊ပီအက်စ်ဂျီနဲ့ ဂျုဗင်တပ်စ် တို့ကလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။