ပေါ့ဘာ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ကိစ္စအတွက် ဆိုးလ်ရှားကို သိပ်မကြည်တဲ့ ရန်းနစ်ဂ်

ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်ဟာ ဒဏ်ရာရကစားသမားတွေ သူတို့ဆုံးဖြတ်ချက်နဲ့ သူတို့ နိုင်ငံခြားထွက် ဆေးကုခံတဲ့အပေါ် ဝေဖန်ခဲ့ပြီး သူ့လက်ထက်မှာတော့ ဒါမျိုး မရဘူးလို့ ပြောကြားသွားပါတယ်။

ဒီကိစ္စကတော့ ပေါ့ဘာ ဒူဘိုင်းမှာ သွားရောက် ဆေးကုသမှုခံနေတဲ့ ကိစ္စကို ရည်ရွယ်ပြီး နည်းပြဟောင်း ဆိုးလ်ရှားရဲ့ ဆုံးဖြတ်ချက်တွေကို ရန်းနစ်ဂ်က အမြင်မကြည်ဖြစ်နေတာပါ။ ပေါ့ဘာဟာ ပြင်သစ်လက်ရွေးစင်နဲ့ သွားရောက်ပူးပေါင်းရင်း ပေါင်ခြံဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ရန်းနစ်ဂ်က “ကျနော့်အသင်းဟောင်းတွေအကုန်လုံးက ဒဏ်ရာရကစားသမားတွေကို အသင်းမှာပဲ ပြန်လည်ထူထောင်ရေးလုပ်ပါတယ်။ ကျနော် ပြောနိုင်တာက အသင်းရဲ့ ဆေးအဖွဲ့က အရမ်းအရမ်းကို ကောင်းပါတယ်”

“ကစားသမားတွေကို နိုင်ငံခြားထွက်တာမျိုး ဒါမှမဟုတ် အခြားတနေရာသွားပြီး ပြန်လည်ထူထောင်ရေးလုပ်တာမျိုး ကျနော်ခွင့်မပြုပါဘူး။ ပေါ့ဘာကိစ္စက ကျနော်မရှိတည်းက ဖြစ်ခဲ့လို့ပါ”

“လာမယ့်ကိစ္စတွေအတွက် ကျနော် အသင်းဆရာဝန်တွေ၊ ဆေးအဖွဲ့တွေနဲ့ စကားပြောပြီးပါပြီ။ ဒဏ်ရာရကစားသမားတွေကို ကျနော် အသင်းနဲ့ပဲ ဆက်ရှိစေချင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ပေါ့ဘာဟာ ကာလရှည်ဒဏ်ရာရရှိနေတာဖြစ်ပြီး အနည်းဆုံး ဒီနှစ်ကုန်အထိ အနားယူရမှာပါ။ စာချုပ်သက်တမ်း နောက်ဆုံးနှစ်အတွင်း ရောက်ရှိနေတဲ့ ပေါ့ဘာကို အသင်းမှာ အသည်းအသန် ဆက်ထိန်းထားဖို့လည်း ဆန္ဒမရှိဘူးလို့ ရန်းနစ်ဂ်က ပြောကြားထားပြီးပါပြီ။

အဲ့ဒါကြောင့် ပေါ့ဘာအနေနဲ့ လာမယ့်ဆောင်းရာသီအပြောင်းအရွှ့မှာ အခြားအသင်းတသင်းနဲ့ ကြိုတင်သဘောတူညီမှုယူနိုင်တော့မှာလည်းဖြစ်ပါတယ်။