အာဆင်နယ် က လွဲပြီး ပင်နယ်တီတွေနဲ့ နိုင်ပွဲရခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့်ရောက် ၄သင်း

စနေနေ့ညမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အာဆင်နယ် ကလွဲပြီး ပရီးမီးယားလိဂ် ထိပ်သီးအသင်း (၄)သင်းလုံးဟာ ပင်နယ်‌တီဂိုးတွေနဲ့ အနိုင်ရပြီး (၃)မှတ်ရယူသွားကြပါတယ်။

မန်စီးတီး အသင်းက ဝုလ်ဗ်စ် အသင်းကို (၁)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရတဲ့ ပွဲမှာဆိုရင် စတာလင် က မန်စီးတီး အတွက် ပင်နယ်တီကနေ ဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ် က အက်စတွန်ဗီလာ အသင်းကို (၁)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရတဲ့ ပွဲမှာဆိုရင်လည်း ဆာလတ် က ပင်နယ်တီ က ရတဲ့ သွင်းဂိုးကို အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့တာပါ။

ချယ်လ်ဆီးက လိဒ်စ် ကို (၃)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရတဲ့ ပွဲမှာ ဂျော်ဂျင်ဟို က ချယ်လ်ဆီး အတွက် အနိုင်ဂိုးအပါအဝင် ပင်နယ်တီ(၂)ဂိုးသွင်းယူပေးခဲ့ပါတယ်။ချယ်လ်ဆီး အတွက် နောက်တဂိုးကို မေဆန်မောင့်က သွင်းယူခဲ့တာဖြစ်ပါတယ်။

လိဒ်စ် အတွက်ဂိုးတွေကို ရာဖင်ဟာ က ပင်နယ်တီနဲ့ ဂယ်လ်ဟာဒ့် တို့က သွင်းယူခဲ့တာပါ။အာဆင်နယ် နဲ့ ဆောက်သမ်တန် တို့ပွဲမှာတော့ အာဆင်နယ် က (၃)ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။အာဆင်နယ် အသင်း သွင်းယူတဲ့ ဂိုးတွေမှာ ပင်နယ်တီမပါဝင်တာဖြစ်ပါတယ်။

အာဆင်နယ် အတွက် ဂိုးတွေကို လာကာဇတ်တီ၊အိုဒီဂတ်နဲ့ ဂါဘရီရယ်လ် တို့က သွင်းယူခဲ့တာပါ။နောက်ဆုံး ပွဲဖြစ်တဲ့ နောဝစ်ခ်ျ နဲ့ မန်ချက်စတာယူနိုက်တက် တို့ပွဲမှာတော့ မန်ချက်စတာယူနိုက်တက် အသင်းက (၁)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။

No

မန်ချက်စတာယူနိုက်တက် အတွက် တလုံးတည်းသောဂိုးကို ရော်နယ်ဒို က ပင်နယ်တီကနေ ပဲ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။