လီဗာပူးလ် ကို ရှုံးလို့ ညစ်ပြီး ယူနိုက်တက်နဲ့ အို၀င်ကို ထိုးနှက်သွားတဲ့ ဂျရတ်

အက်စတွန်ဗီလာ အသင်းနည်းပြ စတီဗင်ဂျရတ် ကတော့ မနေ့ညက ကစားခဲ့တဲ့ အသင်းဟောင်း လီဗာပူးလ် အသင်းနဲ့ ပွဲမှာ ဆာလတ်ရဲ့ ပင်နယ်တီသွင်းဂိုးကြောင့် (၁)ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်သွားခဲ့ပါတယ်။

စတီဗင်ဂျရတ် အန်ဖီးလ်ကို ရောက်လာတဲ့ အချိန်မှာ လီဗာပူးလ် အသင်းပရိသတ်တွေရဲ့ နွေးထွေးစွာကြိုဆိုမှု ကို ခံခဲ့ရတာဖြစ်ပါတယ်။ဒီပွဲမှာ အက်စတွန်ဗီလာ အသင်းဟာ လီဗာပူးလ် အသင်းရဲ့ တိုက်စစ်ပိုင်းကို ကြံကြံခံကာကွယ်ခဲ့ပေမယ့် ပေးလိုက်ရတဲ့ ပင်နယ်တီဂိုးကြောင့် အရေးနိမ့်သွားခဲ့တာပါ။

ဒီပွဲအပြီးမှာ ဂျရတ်ရဲ့ အသင်းဖော်ဟောင်းဖြစ်တဲ့ အို၀င်က အန်ဖီးလ်မှာ လီဗာပူးလ် ပရိသတ်တွေရဲ့ ဧည့်ခံပုံနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တာဖြစ်ပါတယ်။အို၀င် က “ငါကတော့ လီဗာပူးလ်နဲ့ ကစားဖို့ ပြန်လာရတာကို မုန်းတီးမိတယ်လို့၀န်ခံရပါမယ်။ဒီနေ့ပြန်လာရတဲ့ ခံစားချက်က ဘယ်လိုမျိုးလဲ”

“မင်းရဲ့အိမ်ကို အသင်းတသင်းခေါ်ဆောင်ပြီးလာရတာ ဘယ်လိုခံစားရလဲဆိုပြီး”မေးမြန်းခဲ့တာဖြစ်ပါတယ်။ ဒီအချိန်မှာ ဂျရတ်က “ငါသာ မန်ယူအတွက် ကစားခဲ့မယ်ဆိုရင် ပြန်လာရတာကိုလည်း မုန်းတီးမိမှာပါ”လို့ ဖြေဆိုသွားခဲ့ပါတယ်။

ဂျရတ်က သူဟာ လီဗာပူးလ် အသင်းကို ဆက်လက်အားပေးနေမှာဖြစ်ပေမယ့် သူ့ရဲ့ဦးစားပေး အလုပ်က အက်စတွန်ဗီလာ အသင်းကို ပိုကောင်းအောင်လုပ်ဖို့ပါပဲလို့လည်း ဆက်ပြောခဲ့ပါတယ်။ဂျရတ် က “ ဒါက ဒီလိုပါပဲ။ကျွန်တော်တို့က ခရီးသွားနေရတာပါ။ဒီလိုရာထူးကို ရယူနိုင်တဲ့ အတွက် ဂုဏ်ယူမိပါတယ်။ဒီ အသင်းဟာ ကြီးကျယ်ခမ်းနားတဲ့ အသင်းပါ”

“ဒါဟာ အစောပိုင်းရက်တွေပဲရှိပါသေးတယ်။အသင်းကို တိုးတက်အောင်လုပ်ပြီး ကစားသမားတွေ ဆီကနေ သတင်းအချက်အလက်တွေအများကြီးရယူနိုင်ဖို့ ကြိုးစားနေတုန်းပါပဲ။ကျွန်တော်ဟာ အမြဲတမ်း လီဗာပူးလ် ပရိသတ်ဖြစ်နေမှာပါ”

“ဒါက အမှန်တရားပါဘဲ။ဒါပေမယ့် ကျွန်တော့်ရဲ့ ဦးစားပေးက အက်စတွန်ဗီလာဖြစ်ပြီး ဒီအသင်းကို တိုးတက်မှုတွေရအောင်လုပ်ကာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာရောက်အောင် ကြိုးစားသွားမှာ အသေအချာပါပဲ”လို့ ဆိုခဲ့ပါတယ်။