အဲရစ်ဆင်၊ အဂွေရိုတို့လိုမျိုး ဝေဒနာကိုခံစားခဲ့ရတဲ့ လင်ဒီလော့ဖ်ရဲ့ အခြေအနေ

ယူနိုက်တက်နောက်ခံလူ လင်ဒီလော့ဖ်ဟာ မနေ့ညက နော့ဝစ်ချ်ကို ၀-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ အသက်ရှူရခက်ခဲတဲ့ ဝေဒနာကို ခံစားခဲ့ရပြီး အဲရစ်ဘာယီနဲ့ လူစားလဲခဲ့ရပါတယ်။

ဒါပေမယ့် ပွဲအပြီး ယူနိုက်တက် ဆေးအဖွဲ့နဲ့ ဆေးစစ်မှုတွေ ခံယူပြီးတဲ့နောက်မှာတော့ အားလုံး အဆင်ပြေတယ်လို့ သိရှိရပါတယ်။

လင်ဒီလော့ဖ်နဲ့ ပတ်သက်လို့ ရန်းနစ်ဂ်က “လင်ဒီလော့ဖ် တနေရာရာမှာ ထိခိုက်မိခဲ့ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်လည်း မမှတ်မိပါဘူး။ အသက်ရှူရတော့ ခက်ခဲခဲ့ပါတယ်။ အခု ဆေးစစ်မှုတွေ အားလုံး လုပ်ပြီးပါပြီ။ သူ အဆင်ပြေတဲ့ပုံပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

မက်ဂွိုင်ရားကလည်း “ပွဲအပြီး လင်ဒီလော့ဖ်ကို ကွင်းထဲမှာ တွေ့ပါတယ်။ သူ နည်းနည်းတော့ မသက်မသာဖြစ်ခဲ့ပါတယ်။ အသေးစိတ်တော့ ကျနော် မသိပါဘူး။ အဝတ်လဲခန်းထဲမှာ ပြန်တွေ့တော့ အဆင်ပြေနေပါပြီ” လို့ ပြောကြားခဲ့ပါတယ်။

ဒီဂီယာကလည်း “လင်ဒီလော့ဖ် အသက်ရှူရခက်တာနဲ့ ပတ်သက်လို့ ဘယ်လိုဖြစ်သွားလဲ ကျနော် မသိပါဘူး။ အဲရစ်ဆင်၊ အဂွေရိုတို့ ဒီလိုဖြစ်တာကို ကျနော်တို့ မြင်ခဲ့ဖူးပါတယ်။ ကိုယ့်ကစားသမား ဒီလိုဖြစ်နေတာကို မြင်ရတာ ခက်ခဲပါတယ်”

“အဲ့ဒီတော့ လူစားလဲလိုက်တာ အကောင်းဆုံးပါပဲ။ သူ အပြည့်အဝ ပြန်ကောင်းသွားဖို့ မျှော်လင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။