ပေါ့ဘာ ရဲ့အဆင့်အတန်းကို ရောက်ဖို့ မျှော်လင့်နေတဲ့ ယူနိုက်တက်လူငယ်ကစားသမား

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ လူငယ်ကစားသမားဖြစ်တဲ့ ဟန်နီဘယ်လ် မတ်ခ်ျဘရီ က ဘောလုံးမှာ ပေါ့ဘာ ကို အတုယူချင်တဲ့ သူ့ရဲ့ ဆန္ဒကို ထုတ်ပြောလိုက်ပါတယ်။အသက်(၁၈)နှစ်အရွယ်ရှိ ကစားသမားဟာ မန်ချက်စတာယူနိုက်တက် အသင်းကို မိုနာကို အသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

အဆိုပါ ကစားသမားဟာ အိုးထရက်ဖိုဒ့် ကြယ်ပွင့်တွေထဲက တဦးဖြစ်လာမယ်လို့ သုံးသပ်မှုတွေ ရှိနေကြတာပါ။မတ်ခ်ျဘရီ ဟာ မန်ချက်စတာယူနိုက်တက် အသင်းမှာ သူ့ရဲ့ ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး ဖီဖာ ကို ပြောခဲ့တာဖြစ်ပါယ်။

မတ်ခ်ျဘရီ က “ကျွန်တော် ပေါ့ဘာနဲ့ မကြာခဏလေ့ကျင့်ခဲ့ပြီး သူ့ကို ကျွန်တော် အများကြီးလေးစားပါတယ်။ သူက ထူးချွန်တဲ့ ကစားသမားဖြစ်ပြီး ကမ္ဘာပေါ်မှာ အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တဦးပါ။သူဆီက ကျွန်တော်နေ့တိုင်းသင်ယူပါတယ်”

“သူ့အဆင့်အတန်းကို ရောက်ရှိနိုင်ဖို့ မျှော်လင့်ပြီး အနာဂတ်မှာ ဘာကြောင့် ပိုမကောင်းလာနိုင်ရမှာလဲ”လို့ ပြောခဲ့ပါတယ်။လာမယ့်နှစ် ကမ္ဘာ့ဖလား၀င်ခွင့်ရမယ်ဆိုရင် တူနီးရှား လက်ရွေးစင် အသင်းအတွက် ကိုယ်စားပြုချင်တဲ့ သူ့ရဲ့ ဆန္ဒကို ပြောခဲ့ပါသေးတယ်။

မတ်ခ်ျဘရီ က “ဒါက ကျွန်တော်တို့ အားလုံးဖြည့်ဆည်းချင်တဲ့ တကယ့်ရည်မှန်းချက်တခုပါ။ကာတာ နိုင်ငံ ကိုသွားပြီး ကမ္ဘာ့ဖလားကစားဖို့ အားလုံးက စိတ်ကူးယဉ်နေကြပါတယ်။အဲ့ဒါကို ဆက်ပြီး ကြိုးစားသွားရပါမယ်”

“ကျွန်တော်ကတော့ အသင်းမှာ ပါ၀င်ဖို့ အတက်နိုင်ဆုံးလုပ်သွားမှာပါ။ကာတာမှာ တူနီးရှား အသင်းနဲ့ ပွဲကို စတင်ချင်ပါတယ်။ဘာကြောင့် မဖြစ်န်ိုင်ရမှာလဲ”လို့ ပြောခဲ့တာပါ။

မတ်ခ်ျဘရီ ဟာ မန်ချက်စတာယူနိုက်တက် အသင်းကြီးအတွက် (၁)ပွဲပါဝင်ကစားထားပြီး တူနီးရှား လက်ရွေးစင် အတွက် (၅)ပွဲပါဝင်ကစားထားပါတယ်။