ဘောလွန်းဒီအောရ မက်ဆီကို ဂုဏ်ပြုတဲ့အနေနဲ့ နာမည်နဲ့ နံပတ်ကို ရွှေရောင်အသုံးပြုခဲ့တဲ့ PSG

ပီအက်စ်ဂျီ အသင်းဟာ မိုနာကို အသင်းနဲ့ ကစားခဲ့တဲ့ လီဂူး၀မ်းပွဲစဉ်မှာ ပြီးခဲ့တဲ့လက ဘောလွန်းဒီအောဆု ရယူနိုင်ခဲ့တဲ့ မက်ဆီကို ဂုဏ်ပြုတဲ့အနေနဲ့ အသင်းရဲ့နာမည်နဲ့ နံပတ်ကို ရွှေရောင်စာလုံးတွေ အသုံးပြုသွားခဲ့ပါတယ်။

မက်ဆီဟာ ဘောလွန်းဒီအောဆုကို စံချိန်တင်(၇)ကြိမ်မြောက်ရယူနိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ အဓိက ပြိုင်ဘက်ဖြစ်တဲ့ ရော်နယ်ဒိုထက် (၂)ကြိမ်အသာရနေခဲ့တာပါ။

ဒီပွဲမှာ ပီအက်စ်ဂျီ အသင်းဟာ မက်ဆီနဲ့ ဘတ်ပီ တို့ရဲ့ အတွဲဖက်ညီညီကစားမှုနဲ့ မိုနာကို အသင်းကို (၂)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ပီအက်စ်ဂျီ အတွက်(၂)ဂိုးလုံးကို ဘတ်ပီ က သွင်းယူခဲ့တာပါ။ဘတ်ပီ သွင်းယူခဲ့တဲ့ ဒုတိယဂိုးကို မက်ဆီ က ဖန်တီးပေးခဲ့တာပါ။

ပြင်သစ်တိုက်စစ်ကစားသမားဟာ ဒီပွဲမှာ (၂)ဂိုးသွင်းယူခဲ့တာကြောင့် လီဂူး၀မ်းကစားသမားဘ၀ သွင်းဂိုး(၁၀၀)ပြည့်မြောက်သွားခဲ့တာလည်းဖြစ်ပါတယ်။ဘတ်ပီ ဟာ မိုနာကို အသင်းမှာ ကစားခဲ့တုန်းက (၁၆)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အခု ပီအက်စ်ဂျီ အသင်းမှာ (၈၅)ဂိုးသွင်းယူထားတာကြောင့် ဘတ်ပီ ဟာ လီဂူး၀မ်းကစားသမားဘ၀မှာ သွင်းဂိုး(၁၀၁)ဂိုးအထိ ရှိသွားခဲ့တာပါ။ဘတ်ပီ ဟာ ဒီရာသီမှာ ပီအက်စ်ဂျီ အသင်းအတွက် ခြေစွမ်းပြသနေတာ ဖြစ်ပြီး ပြိုင်ပွဲစုံ(၂၂)ပွဲကစားထားပြီး (၁၁)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ဒီနိုင်ပွဲကြောင့် ဒုတိယနေရာက မာဆေးလ် အသင်းထက် (၁)ပွဲပိုကစားထားပြီး (၁၃)မှတ်ဖြတ်ကာ လီဂူး၀မ်းအမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။မိုနာကို အသင်းကတော့ အဆင့် (၈)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

No

ပီအက်စ်ဂျီ အသင်းဟာ အခုလ(၂၀)ရက်မှာ ကုပ်ဒီဖရန့် ပွဲစဉ်အဖြစ် အူလ်နိုရီ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲပြီးရင်တော့ လော်ရီးယန့် အသင်းနဲ့ လီဂူး၀မ်းပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။