င့ါကစားသမားကို နိုင်ငံအသင်းအတွက် လာမခေါ်နဲ့လို့ ခပ်ပြတ်ပြတ်ပဲ ပြောပေးလိုက်တဲ့ ရန်းနစ်ဂ်

ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်ဟာ သူ့ရဲ့ လူငယ်တိုက်စစ်ကစားသမားလေး အီလန်ဂါကို လာမယ့်ဇန်နဝါရီမှာ ဆွီဒင်အတွက် စေလွှတ်ပေးသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။

ဆွီဒင်ဟာ (၂၀၂၂)၊ ဇန်နဝါရီမှာ ကစားသမား (၂၄) ယောက် ရွေးချယ်ပြီး ပေါ်တူဂီနိုင်ငံမှာ လေ့ကျင့်ခန်း သွားဆင်းမှာပါ။

ဒီအသင်းဟာ လာမယ့်မတ်မှာလည်း (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-off ပွဲစဥ်တွေကို ကစားရမှာကြောင့် အခုလို ကြိုတင်ပြင်ဆင်ဖို့ စီစဥ်နေတာဖြစ်ပါတယ်။

ဒါပေမယ့် အီလန်ဂါကိုတော့ လာမယ့် ဇန်နဝါရီမှာ ရန်းနစ်ဂ်က စေလွှတ်ပေးဖို့ စိတ်ကူးမရှိဘဲ ဒီအပေါ်မှာတော့ ဆွီဒင်လက်ရွေးစင်နည်းပြ အန်ဒါစ်ဆန်က အမြင်မကြည်ဖြစ်နေတာပါ။

အန်ဒါစ်ဆန်က “လာမယ့် ဇန်နဝါရီ ခရီးစဥ်မှာ ကျနော်တို့ အီလန်ဂါကို ခေါ်သွားချင်ပါတယ်။ တချိန်တည်းမှာပဲ သူ ယူနိုက်တက်မှာ ပွဲကစားခွင့်ရနေတာက ရယ်စရာပါပဲ။ သူ့အနာဂတ်အတွက် ကျနော်တို့ အနီးကပ် စောင့်ကြည့်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ရန်းနစ်ဂ် ယူနိုက်တက်ကိုရောက်ရှိလာပြီးနောက်ပိုင်း အီလန်ဂါက အသင်းကြီးလူစာရင်းမှာ ဆက်တိုက်ပါဝင်ခွင့်ရလာခဲ့ပြီး ရန်းနစ်ဂ် လက်ထက် ပြိုင်ပွဲစုံ (၃) ပွဲမှာ (၂) ပွဲ ပါဝင်ကစားခွင့်ရရှိထားပြီးဖြစ်ပါတယ်။

လာမယ့်ပွဲတွေမှာလည်း အီလန်ဂါက ယူနိုက်တက်နဲ့အတူ အခွင့်အရေးတွေထပ်ရဖို့ ရှိနေတာကြောင့်လည်း ရန်းနစ်ဂ်ကတော့ အခုလိုပဲ အီလန်ဂါကို လက်ရွေးစင်အတွက် စေလွှတ်ပေးဖို့ ငြင်းဆန်ခဲ့တာပါ။