ပီအက်စ်ဂျီ အတွက် အရာအားလုံးပေးဆပ်ထားတယ်လို့ ပရိသတ်တွေကို ပြောခဲ့တဲ့ ဘတ်ပီ

ဘတ်ပီ ကတော့ အသင်းဟောင်း မိုနာကို အသင်းကို အနိုင်ရတဲ့ ပွဲမှာ ပီအက်စ်ဂျီ အတွက် (၂)ဂိုးသွင်းယူပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ပြင်သစ်ကစားသမားကတော့ ပီအက်စ်ဂျီ အတွက် အရာအားလုံးပေးထားတယ်လို့ ပရိသတ်တွေကို မက်ဆေ့ပေးပို့ခဲ့ပါတယ်။

ပီအက်စ်ဂျီနဲ့ ဘတ်ပီတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ဇန်နဝါရီမှာ အခြားအသင်းတွေနဲ့ လွတ်လပ်စွာ ဆွေးနွေးလို့ရမှာဖြစ်ပါတယ်။ရီးရယ်လ် အသင်းကတော့ ဘတ်ပီ ကို နွေရာသီမှာ ခေါ်ယူနိုင်ဖို့ စိတ်အားထက်သန်နေတာပါ။

ဘတ်ပီ ဟာ ပီအက်စ်ဂျီ အသင်းနဲ့ စာချုပ်သက်တမ်းမတိုးတော့တာကြောင့် ပြင်သစ်ကစားသမားဟာ အခုရာသီအကုန်မှာ အသင်းကနေ အလွတ်နဲ့ ထွက်ခွာတော့မှာဖြစ်ပါတယ်။ဘတ်ပီ က “ကျွန်တော်ဟာ ကစားရတာကို သဘောကျပါတယ်။ကွင်းထဲမှာ ကစားရတဲ့ ပွဲတိုင်းကို ကျွန်တော်နှစ်သက်နေတုန်းပါပဲ”

“ဒီနေ့မှာ အသင်းကို ကူညီနိုင်ခဲ့ပါတယ်။ပြက္ခဒိန်နှစ်မကုန်ခင် ကျန်ရှိနေတဲ့ ပွဲစဉ်တွေကို ဆက်လက်ကစားနိုင်ဖို့ကိုလည်း မျှော်လင့်ပါတယ်။ဒါဟာ ဘောလုံးပါ၊မ်ိုနာကိုမှာ မယုံကြည်နိုင်စရာ ကောင်းခဲ့တဲ့ အချိန်တွေရှိခဲ့တယ်လို့ ကျွန်တော်အမြဲတမ်းပြောခဲ့ပါတယ်”

“အဲ့ဒီမှာကြီးပြင်းခဲ့ပါတယ်။အံသြစရာကောင်းတဲ့ အမှတ်တရတွေလည်းရှိခဲ့ပါတယ်။ဒါပေမယ့် အခုစာမျက်နှာ ပြောင်းသွားပါပြီ။ပီအက်စ်ဂျီမှာ ကစားရတာ အလွန်ပျော်ပါတယ်။ကလပ်အသင်းအတွက် အရာအားလုံးကို ပေးခဲ့ပါတယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဘတ်ပီ ဟာ မိုနာကိုနဲ့ ပွဲမှာ (၂)ဂိုးသွင်းယူခဲ့တာကြောင့်လီဂူး၀မ်းသွင်းဂိုး(၁၀၁)ဂိုးအထိ ရှိသွားခဲ့တာပါ။ဘတ်ပီ ဟာ မိုနာကို အသင်းမှာ ရှိတုန်းက (၁၆)ဂိုးနဲ့ အခု ပီအက်စ်ဂျီ အတွက် (၈၅)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ဘတ်ပီ ကိုယ်တိုင်ကလည်း ရီးရယ် အသင်းမှာ ကစားချင်တဲ့ သူ့ရဲ့ ဆန္ဒကို ပြောဆိုထားတာကြောင့် ပြင်သစ်ကစားသမား ဟာ စပိန်ကလပ်ကို ပြောင်းရွှေ့ဖို့ သေချာသလောက်ရှိနေတာလည်းဖြစ်ပါတယ်။